မတ် - ၂၁ ( စနေနေ့)
ချက်သမ္မတနိုင်ငံရှိ အစ္စရေးရဲ့ အီးလဘစ်စနစ်များကုမ္ပဏီ နဲ့ ချိတ်ဆက်ထားသော ကာကွယ်ရေးဌာနပိုင် ဂိုဒေါင်တစ်ခု မီးလောင်မှုအတွက် ဂျူးဆန့်ကျင့်ရေး အဖွဲ့တစ်ဖွဲ့က သူတို့လုပ်ခဲ့ကြောင်း တာဝန်ခံလိုက်ပါတယ်။
ချက်နိုင်ငံ ပါဒူဘိုက်စ်မြို့ရှိ စက်မှုဇုန်တစ်ခုတွင် သောကြာနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံရဲ့ပုံများကို သူတို့ကိုယ် သူတို့ အက်ကွိက်ဖက်ရှင် အဖွဲ့လို့ နာမည်ပေးထားတဲ့ နိုင်ငံတကာ ဂျူးဆန့်ကျင့်ရေးဝါဒီ မြေအောက်ကွန်ရက်တစ်ခုက လိုင်းပေါ်တင်ခဲ့ပါတယ်။
ပါလက်စတိုင်း၊ လက်ဘနွန်၊ အီရန်နှင့် အနောက်အာရှတခွင်တွင် နေ့စဉ်လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန်အတွက် ဂျူးတွေ အသုံးပြုတဲ့ လက်နက်များကို တီထွင်ထုတ်လုပ်နေတဲ့ စက်ရုံကို မီးတင်ရှို့ ခဲ့တာပါလို့လည်း ရေးတင်ခဲ့ပါတယ်။
မီးသတ်သမားများနဲ့ ရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရာမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နဲ့ အာဏာပိုင်များက အဆိုပါဖြစ်ရပ်ကို အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်လို့ ကောက်ချက်ချထားပါတယ်။
အဆိုပါ စက်ရုံမှာ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာများ ထုတ်လုပ်ပြီး ချက် လက်နက်ထုတ်ကုမ္ပဏီ LPP Holding မှ ဆောင်ရွက်ပေးပါတယ်။ ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီက ဒရုန်းတီထွင်မှုနဲ့ပတ်သက်ပြီး အစ္စရေးအီးလဘစ်စနစ်များကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ကြောင်း ကြေညာခဲ့ပါတယ်။
အစ္စရေး ဟိုင်ဖာမြို့တွင် ရုံးချုပ်တည်ရှိပြီး အဆိုပါကုမ္ပဏီသည် အစ္စရေးနိုင်ငံ၏ အကြီးဆုံး ကာကွယ်ရေးထုတ်လုပ်သူ ဖြစ်ပြီး မောင်းသူမဲ့စနစ်များ၊ တိကျသောလက်နက်များနှင့် အီလက်ထရွန်နစ်စစ်ပွဲသုံးပစ္စည်းများကို အထူးပြု ထုတ်လုပ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment