မတ် - ၂၁ ( စနေနေ့ )
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံမှာ ထောက်ပံ့ရေး အကျပ်အတည်းဖြစ်လာတာကြောင့် ရုရှား၊ ဘီလာရုစ်နဲ့ မော်ရိုကိုတို့ဆီက ဓာတ်မြေသြဇာ တင်သွင်းမှုကို မြှင့်တင်ဖို့ အိန္ဒိယက ရှာဖွေနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဓာတ်မြေဩဇာနဲ့ ပတ်သက်လာရင် တရုတ်နိုင်ငံက အိန္ဒိယကို ပို့ကုန်ကန့်သတ်ချက်များ လုပ်ထားတာကြောင့်လည်းပါပါတယ်။ နွေစပါးစိုက်ပျိုးရာသီမတိုင်မီ လက်ကျန်နည်းနေတယ်လို့လည်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ၏ ဓာတ်မြေသြဇာ တင်သွင်းမှု၏ ထက်ဝက်ခန့်ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေက တင်သွင်းနေတာပါ။ ဆော်ဒီအာရေဗျသည် အိန္ဒိယကို ဒီယမ်မိုနီယံ ဖော့စဖိတ် (DAP) အများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး အိုမန်က ယူရီးယားအများဆုံး တင်သွင်းတဲ့ နိုင်ငံဖြစ်ပါတယ်။
အိန္ဒိယက အမည်မဖော်လိုတဲ့ သတင်းအရင်းမြစ်တစ်ခုက “ကျနော်တို့မှာ မနှစ်ကထက် လက်ကျန်ပမာဏက ပိုများပါတယ်။ ဒါပေမဲ့ စစ်ပွဲက ပိုကြာသွားခဲ့ရင် အခြေအနေက အဆိုးဘက်ကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လာမယ့်လအနည်းငယ်အတွင်းမှာ ထောက်ပံ့ရေးပစ္စည်းတွေ ပိုမိုရရှိလာဖို့အတွက် ရုရှားနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်နေပါတယ်။" လို့ ဆိုပါတယ်။ ထောက်ပံ့ရေးပစ္စည်းများအတွက် အင်ဒိုနီးရှားကို ချဉ်းကပ်ရန်လည်း စီစဉ်ထားပါတယ်။ ယူရီးယား တင်ပို့မှု ကန့်သတ်ချက် ဖြေလျှော့ဖို့ အိန္ဒိယက တရုတ်ကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။
အိန္ဒိယကုမ္ပဏီများက ဓာတ်မြေသြဇာများကို တစ်ဦးချင်း တင်သွင်းပေမဲ့ စည်းမျဉ်းစည်းကမ်းများတာကြောင့် ပေးသွင်းသူများနှင့် စုပေါင်းညှိနှိုင်းပြီး အစိုးရက တောင်သူတွေကို လက်လီရောင်းချပေးရပါတယ်။ နယူးဒေလီရဲ့ စိုးရိမ်ပူပန်မှုက ယူရီးယားထုတ်လုပ်မှုအတွက် အဓိကသော့ချက်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ရည် ပြတ်လပ်မှုပဲ ဖြစ်ပါတယ်။ အိန္ဒိယက ကာတာရဲ့ LNG တင်သွင်းမှု အများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့နိုက်ထရိုဂျင်မြေသြဇာများရဲ့ သုံးပုံတစ်ပုံခန့်က ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသွားရတာပါ။ အခုတော့ အီရန်က ရေလက်ကြားကို ပိတ်ဆို့ထားလို့ ဓာတ်မြေဩဇာကိစ္စကို ရှင်းဖို့ အခြားပေးသွင်းနိုင်တဲ့ နိုင်ငံတွေကို အိန္ဒိယက လိုက်ရှာနေရပါပြီ။
REF: RT
#MNP #News



No comments:
Post a Comment