ကာ့ဒ်လက်နက်ကိုင်တွေ အီရန်ထဲကို ဝင်လာတာမဟုတ်ဘူး လို့ ငြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာ့ဒ်လက်နက်ကိုင်တွေ အီရန်ထဲကို ဝင်လာတာမဟုတ်ဘူး လို့ ငြင်း




မတ် - ၆ ( သောကြာနေ့ ) 

ကာ့ဒ် လက်နက်ကိုင် အုပ်စုများသည် အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသမှ အီရန်နိုင်ငံအတွင်းသို့ ဖြတ်ကျော် ဝင်ရောက်လာနေပြီဆိုတဲ့သတင်းများကို အီရန်အနောက်ပိုင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်များက ပြတ်ပြတ်သားသား ငြင်းဆိုထားပြီး နယ်စပ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်စစ်တပ်က အီရတ်မြောက်ပိုင်းရှိ အတိုက်အခံ အခြေစိုက်စခန်းများကို ကြိုတင်ကာကွယ်တဲ့အနေနဲ့  တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အမေရိကန်က ကာ့ဒ်တပ်ဖွဲ့များ အီရန်ကိုထိုးစစ်ဆင်ဖို့ မြေပြင်တပ်များအဖြစ် တပ်ဆင်ပေးနေတယ်ဆိုတဲ့ အမေရိကန်မီဒီယာများရဲ့ ပြောဆိုမှုကို ငြင်းဆိုမှုများအပြီးမှာ အခုလိုအသံတွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။  "ထောင်ပေါင်းများစွာသော အီရတ်ကာ့ဒ်တိုက်ခိုက်ရေးသမားများ" က အီရန်နိုင်ငံအတွင်း ထိုးစစ်ဆင်နေပြီ လို့ အမေရိကန်အရာရှိတစ်ဦးက Fox News သတင်းဌာနကို  ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အီရန်-အီရတ်နယ်စပ်ရှိ ကာစရီ - အီ - ရှီရင်  ခရိုင်အုပ်ချုပ်ရေးမှူး က အဆိုပါကျုးကျော်မှု သတင်းကို ပယ်ချပြီး လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် ရာဇ၀တ်ဂိုဏ်းများ၏ တရားမဝင်လှုပ်ရှားမှု သတင်းများကို မှတ်တမ်းတင်ထားခြင်း မရှိကြောင်း ကြာသပတေးနေ့တွင် ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံသို့ ဝင်ရောက်သည့် “တော်လှန်ဆန့်ကျင်ရေးဖွဲ့များ” နဲ့ ပတ်သက်တဲ့ ကောလာဟလများက “လုံးဝမှားယွင်းပြီး ပြည်သူများကြားတွင် စိုးရိမ်မှုဖြစ်စေရန်မှလွဲ၍ အခြားရည်ရွယ်ချက်မရှိ” လို့လည်း ၎င်းက ပြောပါတယ်။ 


REF: RT

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)