ဗဟန်းမြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟန်းမြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၆

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မတ်လ ၃  ရက်နေ့ ၂၁၀၀ အချိန် ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်(၁)လမ်းတွင် လမ်းလျှောက်လာသူ သူရ အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၄၈ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၄.၁ သိန်း)၊ အက်တက်စီဆေးပြား ၁၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၃၀ အချိန် ဝင်းကျော်သူ(ခ)ကျော်သူရ အား အဆိုပါရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၅၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၅၃ သိန်း)၊ အက်တက်စီဆေးပြား ၃၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ ကက်တမင်း အလေးချိန် ၄၉ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၂၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

သူရ(၂၇)နှစ် နှင့် ဝင်းကျော်သူ(ခ)ကျော်သူရ(၃၆)နှစ်တို့အား ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)