ချမ်းအေးသာစံ၊ မတ် ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာဖြေဌာနများအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ အဖွဲ့ဝင်များက မတ် ၉ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်စေရန် စာဖြေခန်းအတွင်း အလင်းရောင်ကောင်းစွာ ရရှိစေရေး၊ စာဖြေဌာနအနီးပတ်ဝန်းကျင်များအား မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေဌာနငါးခု သတ်မှတ်ထားရာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂,၁၆၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
#News #MNP



No comments:
Post a Comment