မြိတ်မြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေး





မြိတ်၊ မတ် ၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၂၀၂၆)ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့်ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကိုအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုကို မတ်(၉)ရက် နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။ 

ကြည့်ရှုစစ်ဆေးရာ၌ ကျောင်းသား/ကျောင်းသူများ စာမေးပွဲလာ‌ရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။

တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသည်။

မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၆)ခု၌ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၃၄၇၆)ဦးရှိပြီး စက်မှုစိုက်ပျိုးမွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန(၁)ခုတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ စာရင်းရှိ(၂၃)ဦးရှိ၍ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၇)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ခိုင်ထူး 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)