
ခိုလမ် ၊ မတ်လ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကာလအတွင်း ဓာတ်အားပြတ်တောက်မှု မရှိစေရေး၊ ပြည်သူများလျှပ်စစ်မီးသုံးစွဲရာတွင် အဆင် ပြေစေရန်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် လျှပ်စစ် ဓါတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း စစ် ဆေးခြင်း လုပ်ငန်းများကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ဆန်း၊ ဦးဆောင်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများမှ ၁၁/၀.၄ ကေဗွီဓာတ်အား ခွဲရုံတွင် Earthing စစ်ဆေးခြင်း၊ Bolt & Nuts များ စစ်ဆေးချန်ညှိခြင်း၊ ကြွေသီးများ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ပြီး ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံမှဓာတ်အား ဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ မြို့တွင်း ဖီဒါတစ်လျှောက် ဓာတ်အား လိုင်းနှင့်လွတ်ကင်းမှုမရှိသော သစ်ပင်၊ သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့်လိုအပ်သည့် စစ်ဆေးပြုပြင်မှုများကိုကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment