မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်၍ ရေပြန်လည်သိုလှောင်နိုင်စေရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်‌ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်၍ ရေပြန်လည်သိုလှောင်နိုင်စေရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်‌ရွက်




မဟာအောင်မြေ  ၊မတ် ၈

မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မီးသတ်ရေလှောင်ကန်များအား ပြန်လည်ပြုပြင်၍ ရေပြန်လည်သိုလှောင်နိုင်စေရန် မတ်လ ၇ ရက်နေ့က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်‌ရွက်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ မဟာအောင်မြေ အနောက်ရပ်ကွက်ရှိ ရေဂါလံ ၈၀၀၀ ဆန့် မီးသတ်ရေကန်နှင့် ရွှေဘုန်းရှိန်ရပ်ကွက်ရှိ ရေဂါလံ ၁၃၅၀၀‌ ကျော်ဆန့် မီးသတ်ရေလှောင်ကန်တို့အား ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သောရေကန်များအား ပြန်လည်ပြုပြင်ရန်နှင့် ရေပြန်လည်ဖြည့်တင်း ထားရှိရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ် ဒု-တပ်ရင်းမှူး ဦးကိုလေးနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပျက်စီးနေသော ရေလှောင်ကန်များကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)