NLD ပါတီက လွှတ်တော်အမတ်တွေ ဆိုသည်မှာ ၂၀၂၀ မဲလိမ်မဲခိုးမှုကြောင့် ရွေးကောက်ပွဲရလာဒ်များကို ပယ်ဖျက်လိုက်ကတည်းက တရားမဝင်တော့ပါဘူး။ သို့သော် NLD အမတ် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများသည် သူတို့ကိုယ်သူတို့ တရားဝင် လွှတ်တော်အမတ်များသဖွယ် CRPH ဆိုတာကို ဖွဲ့စည်းပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့ကြပါတယ်။
ထိုသို့ လုပ်ဆောင်ခြင်းကြောင့်လည်း CRPH ဆိုတာကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက တရားဝင် ကြေညာထားပြီး ဖြစ်တာကြောင့် တရားမဝင် လွှတ်တော်အမတ်များ ဖြစ်သည့်အပြင် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံတော်အစိုးရက ၂၀၂၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးခဲ့ပါတယ်။ ယခုဆိုရင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်ခေါ်ယူလိုက်တဲ့အခါမှာတော့ အာဏာရူး၊ နေရာရူး ပြည်ပြေး ဝရမ်းပြေးတွေ မှာ သွေးရူးသွေးတန်းဖြစ်ပြီး တရားမဝင် ပြည်ပြေး ဝရမ်းပြေးလွှတ်တော်ကို အပြိုင်ခေါ်ယူကျင်းပတာမျိုး တွေ့လာရပါတယ်။
ဘယ်ပုံဘယ်နည်း လွှတ်တော်ခေါ်သလဲ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လွှတ်တော်အဆောက်အအုံ ဘယ်နေရာမှာလဲလို့တော့ မမေးပါနဲ့။ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျ အစရှိသော အတိုင်းတိုင်းအပြည်ပြည်ကို မနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးခဲ့တဲ့ ပြည်ပြေးတွေဟာ အွန်လိုင်းပေါ်ကနေ လွှတ်တော်ခေါ်ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်သူများ စဉ်းစားစရာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ယခုအချိန်အထိ ကိုယ်စားလှယ်များပါလို့ အာချောင်နေတဲ့ NLD အမတ်များသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောမယ်ဆိုရင် ၅နှစ် သက်တမ်းပြည့်တာနဲ့ ရွေးကောက်ပွဲကျင်းပပြီး ကိုယ်စားလှယ်များကို ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။
အခုတော့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဟာ ရွေးကောက်ပွဲလည်း ကျင်းပခြင်းမရှိပါဘဲ ၅နှစ်ကျော် ကြာသည့်တိုင်အောင် သူတို့ကို သူတို့ ကိုယ်စားလှယ်များလို့ အာချောင်နေကြတုန်းပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို ထောက်ခံအားပေးတဲ့ နီပိန်းတွေလည်း စဉ်းစားကြည့်အုံး။ မင်းတို့ အားပေးထောက်ခံတဲ့ ကောင်တွေ၊ ကောင်မတွေ ဟာ အာဏာရူး၊ အာဏာရှင်တွေ ဖြစ်နေပြီ။ ၅နှစ် သက်တမ်းပြည့်တာတောင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပခြင်းမရှိဘဲ ပြည်ပနိုင်ငံများမှာ ခိုလှုံနေထိုင်ပြီး ကိုယ်စားလှယ်များလို့ အာချောင်နေတာ တရားဝင်သေးရဲ့လားလို့။ ပြည်ပြေးတွေ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်ရော ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျင်းပမလဲ။ ဘယ်နေရာမှာ မဲပုံထောင်မလဲ စိတ်ဝင်စားစရာနော်။
အဓိက ပြောလိုရင်းကတော့ ၅နှစ်သက်တမ်း ကုန်ဆုံးပြီးချိန်မှာတောင် ပြည်ပြေးတွေက ကိုယ်စားလှယ်များလို့ အာချောင်နေတာကြီးကတော့ ရှက်စရာ၊ ရွံစရာကြီးပါဗျာ။
ဒေါင်းနင်း
#News #MNP

No comments:
Post a Comment