တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်









ပဲခူး၊ မတ် ၁၇

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

 ရှေးဦးစွာ ၂၀၂၆ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားအား တေးသံရှင် ထက်ထက်မော်က “ကမ်းလင့်ကြိုမည် ပဲခူးတိုင်းဌာနီ” သီချင်းသီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရှေးမြန်မာဘုရင်များလက်ထပ်မှ ယနေ့အထိ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးစသည့်ကဏ္ဍများတွင် စွမ်းစွမ်းတမံ လုပ်ဆောင် နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသလို ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးစသည့် ကဏ္ဍအသီးသီး တွင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့သူများအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်နှင့် တိုင်းဒေသကြီးအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်ရရှိသူ(၁၁၆)ဦးနှင့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ(၁၁၀)ဦး၊ စုစုပေါင်း(၂၂၆)ဦးအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပေးသွားမှာဖြစ်ကြောင်း၊ ဂုဏ်ထူး ဆောင်ဆုတံဆိပ်နှင့် ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများသည် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျရာတာဝန် များကို အများနှင့်မတူ ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသူများဖြစ်ပြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ထူး ဆောင်လက်မှတ်ရရှိသူများ၏ မိသားစုဝင်များအတွက် သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားစရာ သမိုင်းမှတ်တိုင် အထိမ်းအမှတ် သင်္ကေတအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်းနှင့် ပဲခူးတိုင်းဒေသကြီး အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် ဥပဒေ စိုးမိုးရေးထူးချွန်ဆု ပထမအဆင့်ရရှိသူ(၁)ဦး၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်ရရှိသူ(၇)ဦးနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမအဆင့်ရရှိသူ (၆)ဦးတို့အား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုလက်မှတ် ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ဆက်လက်၍ တေးသံရှင်များက “လူချွန်လူကောင်း၊ လုလင်ငယ်သွေး၊ သပြေညို၊ အောင်မြင်ခြင်း အတူတူ”စသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က တက်ရောက်လာသည့် ဂုဏ်ပြုခံပုဂ္ဂိုလ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)