အပြောမှားတဲ့ အမေရိကန် စစ်ဝန်ကြီး စစ်ရာဇဝတ်မှု နဲ့ စွပ်စွဲခံနေရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြောမှားတဲ့ အမေရိကန် စစ်ဝန်ကြီး စစ်ရာဇဝတ်မှု နဲ့ စွပ်စွဲခံနေရပြီ


မတ် - ၁၇ ( အင်္ဂါနေ့ ) 

သောကြာနေ့က ပြုလုပ်တဲ့ အီရန်နိုင်ငံဆိုင်ရာ စစ်ဆင်းရေးတွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် စစ်ဝန်ကြီး ပီတီဟဂ်ဆက်သ်က အီရန်စစ်သားတွေလက်နက်ချခဲ့ရင်တောင် အကျဉ်းချမယ့်အစား သနားကြင်နာခွင့် မပေးနိုင်ဘူး လို့ ပြောသွားခဲ့ပါတယ်။ အဲ့ဒိစကားကြောင့် ဟဂ်ဆက်သ်ကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ကြိုးစားနေသူလို့ စွပ်စွဲပြစ်တင်မှုတွေ ရှိနေပါတယ်။ 

သူက သတင်းစာရှင်းလင်းပွဲမှာ “ကျနော်တို့ သူတို့ကို ဆက်ပြီးတော့ဖိအားပေးထားမယ်။ ဆက်ပြီးတိုက်မယ်၊ ဆက်ပြီးရှေ့တိုးတိုက်ခိုက်ပါမယ်။ ကျနော်တို့ ရန်သူတွေအတွက် ဘာအကျဉ်းထောင်မှ မရှိဘူး။ ဘာ သနားညှာတာမှု မှ မရှိဘူး” လို့ ပြောသွားပါတယ်။ 

သူပြောတဲ့ စကားက အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ အီရန်စစ်သားတွေကို တွေ့တာနဲ့ သတ်ပြစ်ရမယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ အဲ့ဒါကို အမေရိကန်အရာရှိများနှင့် ဥပဒေပညာရှင်များက ဟဂ်ဆက် သည် လက်နက်ချလာတဲ့ အီရန်စစ်သားတွေအပေါ်မှာတောင် စစ်ရာဇ၀တ်မှုများကျူးလွန်ဖို့  အားပေးအားမြှောက် ပြုနေတာပဲ လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

ဟဂ်ဆက်သ် ရဲ့ စကားတွေက ပြင်းထန်လွန်းတဲ့ စကားလုံးတွေထက် ကျော်လွန်ပြီး စစ်ရာဇဝတ်မှု မြောက်နေကြောင်း အမေရိကန် ဥပဒေပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။ သည်ဟေ့ဂ်  ကွန်ဗင်းရှင်း နဲ့  ဂျီနီဗာကွန်ဗင်းရှင်းမှာက ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိတော့တဲ့ ရန်သူ များနဲ့ လက်နက်ချတဲ့ သူတွေကို အကျဉ်းချခွင့်တောင် မရှိဘူးလို့ တားမြစ်ထားပါတယ်။ အဲ့ဒိ စည်းမျဉ်းများကို အမေရိကန်ပြည်တွင်းဥပဒေတွင် ထည့်သွင်းဖော်ပြထားပါတယ်။ အမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်း က အမေရိကန်ပြည်တွင်းစစ် အတွင်းမှာ လက်နက်ချတဲ့ သူတွေကို အကျဉ်းသားလို့ မမှတ်ယူရ ဆိုပြီး ၁၈၆၃ လိုက်ဘာ ဥပဒေမှာထုတ်ပြန် ထားပါတယ်။ 

ဟဂ်ဆက်သ်ကတော့ နိုင်ငံတကာဥပဒေနှင့်ပတ်သက်တဲ့ စည်းကမ်းတွေကို ယခင်ကတည်းက ပယ်ချခဲ့ပြီး “မိုက်မဲသော စေ့စပ်ရေးစည်းမျဉ်းများ” နဲ့ “နိုင်ငံရေး တိုက်စားထားတဲ့ စစ်ပွဲများ” ကို လိုက်နာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

လူ ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ အီရန်တောင်ပိုင်းက မိန်းကလေးကျောင်းကို အမေရိကန်က တိုက်ခိုက်မှုအပြီး နှစ်ပတ်အကြာ သူ့ရဲ့ မှတ်ချက်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)