မတ် - ၁၇ ( အင်္ဂါနေ့ )
မနေ့က ကျူးဘားနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံခဲ့ရကြောင်း ကျူးဘားစွမ်းအင်ဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ ရေနံပိတ်ဆို့ထားမှုကြောင့် ကျူးဘားနိုင်ငံရဲ့ သက်တမ်းရင့် ဒီဇယ် ဓာတ်အားပေးစက်ရုံများ လောင်စာဆီပြတ်တောက်မှုကြောင့် လူ ၁၁ သန်းနီးပါး လျှပ်စစ်မီး မရဖြစ်ခဲ့ရပါတယ်။
အရေးပေါ် လုပ်ငန်းစဉ်များကို အသက်သွင်းခဲ့ပြီး နောက်ပိုင်းမှာတော့ ဆေးရုံအပါအဝင် အရေကြီး နေရာအများအပြားတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
ကျူးဘားနိုင်ငံကို ရေနံတင်သွင်းသည့် နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကျွန်းနိုင်ငံမှာ ကာလကြာရှည်စွာ ဓာတ်အားပြတ်တောက်မှုနှင့် လောင်စာဆီ ပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံက ရုရှား၊ တရုတ်၊ အီရန်နှင့် ပါလက်စတိုင်းလိုလားသော လက်နက်ကိုင်အဖွဲ့များနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ ပိတ်ဆို့အရေးယူမှုကို လုပ်ခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ကျူးဘားသမ္မတ မီဂွယ် ဒေ့ဇ် ကန်နယ် က "ကျွန်ုပ်တို့ရဲ့အခြေခံမူများနှင့် အချုပ်အခြာအာဏာကို မစွန့်လွှတ်ဘဲ ဝါရှင်တန်နှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားပါတယ်။ နိုင်ငံသည် ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်နေသော ကလေးငယ်များအပါအဝင် လူများစွာကို ထိခိုက်နစ်နာစေသည့် “ဆိုးသွမ်းသော” ပိတ်ဆို့မှုကြောင့် ကျူးဘားသည် လွန်ခဲ့သည့် သုံးလအတွင်း ရေနံတင်ပို့မှု မရရှိခဲ့ပါဘူး” လို့ ပြော ပါတယ်။
ရုရှား၊ တရုတ်နှင့် ကုလသမဂ္ဂတို့က အမေရိကန်၏ ပိတ်ဆို့တားဆီးမှုကို “လူမဆန်စွာပြုမှုခြင်း”ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ သွင်းကုန် ပြတ်တောက်မှုများနှင့် ဓာတ်အားဖြတ်တောက်မှုများသည် အရပ်သားများကို တိုက်ရိုက် ထိခိုက်စေကြောင်း သတိပေးထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment