ဂျပန်မှာ အရန်ဆီ ထုတ်သုံးနေရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျပန်မှာ အရန်ဆီ ထုတ်သုံးနေရပြီ



မတ် - ၁၇ ( အင်္ဂါနေ့ ) 

အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ဆိုလာနိုင်တဲ့အတွက်ကြောင့် တနင်္လာနေ့ (မတ်လ ၁၆ ရက်)မှာ ဂျပန်အစိုးရက လှောင်ထားတဲ့ အရန်လောင်စာဆီတွေကို ထုတ်သုံးနေရပါပြီ။ မနေ့က စပြီး တစ်နိုင်ငံလုံး သုံးတဲ့ပမာဏ ၁၅ ရက်စာနဲ့ ညီမျှတဲ့ ပမာဏတစ်ခုကို စထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ 

မတ်လကုန်လောက်မှာတော့ နောက်ထပ် နိုင်ငံပိုင် အရန်ဆီ ရက် ၃၀ စာကို ထုတ်ပေးမယ်လို့လည်း စီစဉ်နေပါတယ်။ သောကြာနေ့ကနေစပြီး ဟောမုဇ်ရေလက်ကြားကိုဖြတ်ပြီး လာတဲ့ ရေနံတင်သင်္ဘောတွေက ဂျပန်နိုင်ငံကို အဝင်မရှိသလောက် ဖြစ်သွားပါပြီ။ အစိုးရကတော့ ရေနံနှင့်ပတ်သက်တဲ့ ထုတ်ကုန်များ ထောက်ပံ့မှု ပြတ်တောက်ခြင်းမှ ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ 

မနေ့က တရားဝင်ပြန်တမ်းမှာတော့ အစိုးရက ရေနံချက်စက်ရုံများ နဲ့ အခြားစီးပွားရေးလုပ်ငန်းများကို ပုံမှန် ၅၅ ရက် သုံးတဲ့ ပမာဏကို ရက် ၇၀ ရအောင် ဆွဲဆန့်ခိုင်းထားပြီး အရန်ဆီသိုလှောင်ထားမှုကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်အထိ ပုဂ္ဂလိကကဏ္ဍအတွက် အရန်ဆီပမာဏက ရက်ပေါင်း ၁၀၁ ရက်စာ အတွက် ရှိနေပါတယ်။ ရေနံကို ပြည်တွင်း ရေနံချက်စက်ရုံများ၏ သိုလှောင်ကန်များတွင် သိုလှောင်ထားပါတယ်။ 

အစိုးရ အရန်ဆီပမာဏက ရက်ပေါင်း ၁၄၆ ရက်စာရှိပါတယ်။ လက်ရှိကတော့ နောက် ၁လခွဲအတွင်း ရေနံစည်သန်း ၈၀ လောက်ထပ်ဝင်လာနိုင်စရာရှိတယ်လို့ မျှော်မှန်းထားပါတယ်။ ပုံမှန်ဓာတ်ဆီတစ်လီတာလျှင် ယန်း ၁၇၀ ဝန်းကျင်ဖြင့် လက်လီဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ရန် အစိုးရက ရေနံလက်ကားရောင်းချသူများကို ကြာသပတေးနေ့က ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ရန် စီစဉ်ထားပါတယ်။ 


REF: The Nation

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)