ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘားအံမြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဘားအံမြို့ရေကြီးရေလျှံမှု လျော့နည်းစေရေး တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




ဘားအံ၊ မတ် ၁၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)သောင်တူးဌာနခွဲမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေးအတွက် တရုတ်လှကျွန်းနှင့် ကော့ဂွန်းကြား သံလွင်မြစ်သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ညနေပိုင်းအချိန်က ရေယာဉ်ဖြင့် သွားရောက်ကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမှ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ အားရှင်းလင်းတင်ပြသည်။

အဆိုပါလုပ်ငန်းမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် (၁၀၄၁.၈၇၅)  သန်းအား တင်ဒါစိစစ်ပြီး တန်ဖိုးငွေကျပ်(၁၀၃၂.၁၀)သန်းဖြင့်၊ လျာထားအလျာ (၂၅၀၀)မီတာ၊ အကျယ်(၄၀)မီတာနှင့် တူးလိုင်းအနက် လက်ရှိရေမျက်နှာပြင်အောက်(၃)မီတာ၊ လျာထား(၃၂၈၃၈၈) ကုဗမီတာကို သောင်တူးရေယာဉ်(Cutter Suction Dredger-ဗ ၁၂၀၁)ဖြင့် ၁၅-၁၂-၂၀၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစိပြီး ၁၅-၃-၂၀၂၆ ရက်နေ့အထိ လုပ်ငန်းတစ်ရပ်လုံး၏ ၉၅% ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း ၃၀-၃-၂၀၂၆ ရက်နေ့တွင် လုပ်ငန်းအား ၁၀၀% ရာခိုင်နှုန်း ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမှ ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ရေကြီးရေလျှံမှုလျော့နည်းစေရေး အကျိုးသက်ရောက်မှုရှိစေရန် လုပ်ငန်းများအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် သောင်တူးဖော်သည့် စွန့်ပစ်သဲများ တူးဖော်သည့်နေရာသို့ ပြန်လည် မကျစေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)