မတ် - ၁၇ ( အင်္ဂါနေ့ )
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှား - ယူကရိန်းစစ်ပွဲတွင် ပါဝင်ခဲ့ကြတဲ့ မြောက်ကိုရီးယား စစ်သည်များအား ဂုဏ်ပြုသည့်အနေဖြင့် တည်ဆောက်ဆဲ အောက်မေ့ဖွယ် ပြတိုက်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီကနေ့ ဖော်ပြခဲ့ပါတယ်။
ကင်ဂျုံအန် က တနင်္ဂနွေနေ့တွင် နိုင်ငံရပ်ခြားစစ်ဆင်ရေးတွင် ကျဆုံးသွားသူများ အောက်မေ့ဖွယ် တိုက်ပွဲဝင် ပြတိုက် သို့ သွားရောက်ခဲ့ပြီး တည်ဆောက်မှု ၉၃ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ကြောင်း ကိုရီးယား ဗဟိုသတင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ပြန်လည်သိမ်းဆည်းရတဲ့ လက်နက်များနှင့် အခြားအောက်မေ့ဖွယ် တပ်ဆင်မှုများကို ပြသထားသည့် “သူရဲကောင်းများ၏ သင်္ချိုင်း” အဆောက်အအုံ ပါဝင်ပါတယ်။
ကင် က လုပ်ငန်းခွင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီး ပြတိုက်မှာ "ကျွန်ုပ်တို့၏ ဗိသုကာပညာအဆင့်နှင့် အနုပညာဖန်တီးမှုအဆင့်ကိုလည်း ပြသဖို့ စုစည်းမှုတစ်ခုအဖြစ်လည်း လုပ်ဆောင်သင့်တယ်” လို့ မှာကြားခဲ့ပါတယ်။ “နိုင်ငံရပ်ခြားစစ်ဆင်ရေးမှာ ငါတို့စစ်သားတွေ ပြသခဲ့တဲ့ တုနှိုင်းမဲ့ ရဲစွမ်းသတ္တိနဲ့ သူရဲကောင်းတွေကို သမိုင်းမှာ ထာဝစဉ်မှတ်တမ်းတင်ဖို့ မွန်မြတ်တဲ့အလုပ်တစ်ခု ဖြစ်တယ်”လို့ ဆောက်လုပ်ရေးလုပ်ငန်းကို သူက ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံ ကာ့ဒ်ဒေသ လွတ်မြောက်ရေး ပထမဆုံး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပြတိုက်ကို ဖွင့်လှစ်ရန် စီစဉ်ထားပါတယ်။ ပြီးခဲ့သည့်လက ကင်သည် နိုင်ငံရပ်ခြားရှိ စစ်သားများ၏ မိသားစုများအတွက် အိမ်ရာများ ဆောက်လုပ်ထားတဲ့ လမ်းသစ်တစ်ခုကို ပြုံယမ်းမြို့တွင် ဖွင့်လှစ်ခဲ့ပါတယ်။
REF: UPI
#News #MNP



No comments:
Post a Comment