မတ် - ၂၇ ( သောကြာနေ့ )
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျောင်အန် နဲ့ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှန်ကိုတို့ ပြုံယမ်းမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီကနေ့ ဖော်ပြခဲ့ပြီး ရုရှား နှင့် ဘက်မလိုက်နိုင်ငံ နှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် စင်မြင့်အသစ်ကို ဖန်တီးလိုက်ပါတယ်။
ကြာသပတေးနေ့ ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ ခေါင်းဆောင်နှစ်ဦး သဘောတူညီမှု ရရှိခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့ပါတယ်။
"လူမှုနိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန်နှင့် နိုင်ငံတကာဇာတ်ခုံတွင် ၎င်းတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဘီလာရုစ်ရဲ့ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ကင်ဂျောင်အန် ဖော်ပြခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ်သို့ ရောက်ရှိသွားတယ်လို့ သတင်းဌာနက ဆိုပါတယ်။
သံခင်းတမန်ခင်း၊ သတင်းအချက်အလက်၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
REF: UPI
#MNP #News

No comments:
Post a Comment