မတ် - ၂၇ ( သောကြာနေ့ )
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးပွဲလုပ်ဆက်လုပ်ရန် အခြေအနေကောင်းနေပါတယ်လို့ ပြောနေပေမဲ့ တစ်ဖက်မှာကလည်း အမေရိကန်စစ်သား သောင်းနဲ့ ချီ အရှေ့အလယ်ပိုင်းကို ပို့နေသလို အစ္စရေးကလည်း အီရန်နိုင်ငံတစ်ဝှမ်းကို နေရာအနှံ့အပြား ဗုံးကျဲတိုက်ခိုက်မှုတွေကို လုပ်နေပါတယ်။ ထရမ့်က အီရန်ရဲ့ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မှု နောက်ထပ် ၁၀ ရက်ထပ်ဆုတ်ပေးထားတယ်လို့ ဆိုထားပါတယ်။
အစ္စရေးစစ်တပ် IDF က အီရန်နိုင်ငံတစ်ဝှမ်းရှိ အချက်အခြာကျတဲ့နေရာတွေနဲ့ အခြားနေရာများကို ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက်မှုကို အမျိုးအမည်မခွဲခြားပဲ မနေ့က တစ်ညလုံးနီးပါး လုပ်နေခဲ့ပါတယ်။
အီရန်လခြမ်းနီအဖွဲ့အဆိုအရ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အရပ်သားတွေနေထိုင်တဲ့ အဆောက်အအုံတွေကို ထိခိုက်နေပြီလို့ သိရပါတယ်။ မြို့တော် တီဟီရန်၊ အီရန် အလယ်ပိုင်းက ကွမ် နဲ့ အဇာဘိုင်ဂျန်နဲ့ ကပ်လျက်ရှိတဲ့ အာမီယာမြို့တွေကို တိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
မနေ့က အိမ်ဖြူတော် အစိုးရအဖွဲ့အစည်းအဝေးတွင် ထရမ့် က ညှိနှိုင်းမှုများ လုပ်ဆောင်နေတယ်လို့ ပြောပေမဲ့ ပင်တဂွန်က အရှေ့အလယ်ပိုင်းတွင် နောက်ထပ် မြေပြင်တပ်ဖွဲ့ ၁၀,၀၀၀ အထိ တပ်ဖြန့်ရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အတည်ပြုပြီးပါက တပ်ဖြန့်မှုအသစ်မှာ ဒေသတွင်းသို့သွားတဲ့ လမ်းကြောင်းပေါ်မှာရောက်နေတဲ့ လက်ရွေးစင်လေထီးခုန်တပ်သား ၂,၀၀၀ နှင့် မရိန်းတပ်သား ၅,၀၀၀ အထိ ထပ်တိုးလာမှာ ဖြစ်ပါတယ်။
အီရန်ဘက်ကတော့ စေ့စပ်ညှိနှိုင်းမှု လုပ်နေစဉ်အတွင်းမှာ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှု တွေ လုပ်ခဲ့တဲ့ ၂ကြိမ်တိုင်တိုင် နောက်ကျောကိုဓားနဲ့ထိုးတဲ့ဖြစ်ရပ်အတွက် နောက်လုပ်တဲ့စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောနေပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment