ပွင့်ဖြူမြို့နယ်၌ မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သွားလာရေးနှင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သွားလာရေးနှင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း အသိပညာပေး


Uploading: 371712 of 3130989 bytes uploaded.


ပွင့်ဖြူ   ၊ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာနိုင်ရန် မော်တော်ယာဉ်များအား စုံ/မ စနစ်ဖြင့် စီးနင်းသွားလာသည့်စနစ် ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေးတို့အတွက် ယနေ့နံနက်ပိုင်းက မြို့တွင်းလေးတိုင်စင်လမ်းဆုံ မီးပွိုင့်နေရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က မော်တော်ယာဉ် စီးနင်းသွားလာသူများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၄) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှု‌အောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စီးနင်းသွားလာသူများအား ယာဉ်မောင်းလိုင်စင်၊ သတ်မှတ်နံပါတ်ပြား၊ ထိုင်ခုံခါးပတ် တပ်ဆင်ခြင်း ရှိ/ မရှိ ၊ စက်သုံးဆီခြိုးခြံချွေတာနိုင်စေရန် လတ်တလောထုတ်ပြန်ထားသော စုံ/မ စနစ် သတ်မှတ်ရက်အတိုင်း စီးနင်းသွာလာခြင်း ရှိ/ မရှိ ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်၊ သုံးယောက်စီနင်းခြင်း၊ ယာဉ်လိုင်စင် ရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်များစီးနင်းသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေး သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း စနစ်တကျ မောင်းနှင်သွားလာနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)