ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်


 

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မည့် လုပ်ငန်းရှင်များ လွယ်ကူချောမွေ့စွာ ပြောင်းတင်ပို့နိုင်ရေးရည်ရွယ်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံအစိုးရချင်း အသိအမှတ်ပြုမည့် “မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက် ထုတ်ပေးရေးလုပ်ငန်းမှတ်ပုံတင်ခြင်း ဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၂။ အဆိုပါလုပ်ငန်းအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့မည့် ပြောင်းများအတွက် မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်အား (၃-၃-၂၀၂၆) ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးလျက် ရှိပါကြောင်းနှင့် ထောက်ခံချက်ထုတ်ပေးခြင်းနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-


ဆက်သွယ်ရမည့်ပုဂ္ဂိုလ်

ဖုန်းနံပါတ်များ


(က)

ဒေါ်နီလာစိုး၊ လက်ထောက်အတွင်းဝန်

၀၉ ၅၀၇၀၇၉၂၊ ၀၆၇ ၃၄၀၈၂၄၇

(ပြည်ထောင်စုဝန်ကြီးရုံး)


( ခ )

ဒေါ်ချိုသက်မူ၊ ညွှန်ကြားရေးမှူး

(ကုန်သွယ်ရေးဦးစီးဌာန)

၀၉ ၅၀၇၀၇၀၈၊ ၀၆၇ ၃၄၀၈၃၁၉


မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)