မော်တော်ယာဉ်များ တင်သွင်းရောက်ရှိထားပြီး ကညနတွင် မှတ်ပုံမတင်ဘဲ အသုံးပြုနေသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရန် အသိပေးကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်တော်ယာဉ်များ တင်သွင်းရောက်ရှိထားပြီး ကညနတွင် မှတ်ပုံမတင်ဘဲ အသုံးပြုနေသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရန် အသိပေးကြေညာ


နေပြည်တော်၊ မတ် ၇

မော်တော်ယာဉ်များ တင်သွင်းရောက်ရှိထားပြီး ကညနတွင် မှတ်ပုံမတင်ဘဲ အသုံးပြုနေသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က ယနေ့ နိုင်ငံတော်ပိုင် သတင်းစာများတွင် အများပြည်သူသို့ အသိပေးကြေညာချက် အနေဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးကြေညာချက်တွင် မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့်အကောက်ခွန်ဦးစီးဌာန တို့တွင်အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည် ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက် ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုတွေ့ရှိရသည်။ 

အဆိုပါ မော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါသောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့် လိုင်စင်ထုတ်ပေးထား သောယာဉ်များသည် ၃၀-၄-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ၃၁-၅-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နေ့နောက်ဆုံးထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲ ဥပဒေများနှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)