ဒုတိယသမ္မတ နန်းနီနီအေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ နန်းနီနီအေး


နန်းနီနီအေး (၁၂ အောက်တိုဘာ ၁၉၆၉ မွေးဖွား) သည်။ ကရင်လူမျိုး အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နှင့် ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစုအဖွဲ့အစည်းအဝေး၌ ဒုတိယသမ္မတလောင်းတစ်ဦးအဖြစ် အဆိုပြုတင်မြှောက်ခြင်း ခံခဲ့ရပြီး၊ ၂၀၂၆ ခုနှစ်မတ်လ ၃၁ရက်နေ့တွင် မဲခွဲဆုံးဖြတ်မှုဖြင့် အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်မြှောက်သည့် ဒုတိယသမ္မတ ဖြစ်လာခဲ့သည်။

နန်းနီနီအေးသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ နှစ်ကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး လွှတ်တော်သက်တမ်းအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ အပါအဝင် အရေးပါသော ကော်မတီတာဝန်များကို ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးလောကသို့ မဝင်ရောက်မီက ကွန်ပျူတာတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။

နန်းနီနီအေး သည် ကရင်လူမျိုးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ စောဘိုးနီ (လွှတ်တော်ကိုယ်စားလှယ်-ငြိမ်း) နှင့် မိခင်ဖြစ်သူ နန်းအေးကြည် (လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း) တို့၏ သမီးအကြီးဆုံးဖြစ်သည်။ ၎င်းသည် သိပ္ပံဘွဲ့ (သတ္တဗေဒ ဂုဏ်ထူးတန်း) B.Sc (Hons: Zoology) ကို ရရှိခဲ့သည့်အပြင် ကွန်ပျူတာသိပ္ပံပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ D.C.Sc နှင့် သတင်းအချက်အလက်သိပ္ပံမဟာဘွဲ့ M.I.Sc တို့ကိုလည်း ရရှိခဲ့သည်။

နိုင်ငံရေးလောကသို့ မဝင်ရောက်မီတွင် ပညာရေးဝန်ထမ်းအဖြစ် ၁၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် အထက နှင့် ဖားအံမြို့နယ်၊ အထက (၂) တို့တွင် မူလတန်းပြ ဆရာမအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အလယ်တန်းပြ ဆရာမအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်တွင် နည်းပြ နှင့် လက်ထောက်ကထိက အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံ့တာဝန်မှ နှုတ်ထွက်ခဲ့သည်။

နန်းနီနီအေးသည် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပထမအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ [၈]၎င်းသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မှပင် ထပ်မံအနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်အထိ ဒုတိယအကြိမ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

လွှတ်တော်သက်တမ်းအတွင်း တာဝန်ထမ်းဆောင်ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ နှင့် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူများတိုင်ကြားစာနှင့် အသနားခံစာကော်မတီ၊ လွှတ်တော်အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သလို မြန်မာ-လာအို နှင့် မြန်မာ-သြစတြေးလျား လွှတ်တော်ချင်းချစ်ကြည်ရေးအဖွဲ့များတွင်လည်း အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။

၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) အရ ဖားအံမဲဆန္ဒနယ် အမှတ် (၂) မှ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။[၁၁] ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစုအဖွဲ့အစည်းအဝေး၌ ၎င်းအား ဒုတိယသမ္မတလောင်း တစ်ဦးအဖြစ် အဆိုပြုတင်မြှောက်ခြင်း ခံခဲ့ရသည်။

၂၀၂၆ ခုနှစ်၊မတ်လ ၃၁ရက် တွင် ကျင်းပသည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့တွင် ဒေါ်နန်းနီနီအေးသည် ထောက်ခံမဲ (၁၁၇) မဲ ဖြင့် အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်မြှောက်သော ဒုတိယသမ္မတ ဖြစ်လာခဲ့သည်။


ကိုယ်ရေး အချက်အလက်များ

မွေးဖွား - အောက်တိုဘာ ၁၂၊ ၁၉၆၉ (အသက် ၅၆)

လူမျိုး - မြန်မာ

နိုင်ငံရေးပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

မိဘ - စောဘိုးနီ (ဖခင်)၊ နန်းအေးကြည် (မိခင်)

နေထိုင်ရာ - ဘားအံမြို့

မိခင်ကျောင်း - B.Sc (Hons: Zoology), D.C.Sc, M.I.Sc

အလုပ်အကိုင် - နိုင်ငံရေးသမား၊ ကထိက (ငြိမ်း)

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓဘာသာ


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)