နေပြည်တော်၊ မတ် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် ထိုင်း ဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi (FFG-457) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ရောက်ရှိရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် ဧပြီလ ၄ ရက်အထိ ငါးရက်ကြာနေထိုင်၍ အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News


No comments:
Post a Comment