တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကော်မတီ (၃)ရပ် ဖွဲ့စည်းရေး လွှတ်တော်သို့တင်ပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကော်မတီ (၃)ရပ် ဖွဲ့စည်းရေး လွှတ်တော်သို့တင်ပြ


မြစ်ကြီးနား၊ မတ် ၃၁

 တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကော် မတီ(၃)ရပ်ကို ဖွဲ့စည်းရေးလွှတ်တော်သို့ တင်ပြခဲ့ကြသည်။

 ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံးက တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကြသည်။

 ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည် ထောင်စုလွှတ်တော်နာယကထံ ပေးပို့လာသော ဝမ်း မြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာအား ဖတ်ကြားတင်ပြပြီး ပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာကာဥပဒေကြမ်းကော်မတီ ဖွဲ့စည်း ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဥပ ဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင် ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော် မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်း၊ကော်မတီဥက္ကဋ္ဌ၊အတွင်းရေးမှူးတို့၏အမည် စာရင်းများကို လွှတ်တော်သို့တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

   ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တိုင်း ရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီဖွဲ့စည်း ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက  တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကော်မ တီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်များ၏ အမည်စာ ရင်း၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြပြီး အကြံပြုဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာသည်။

 ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော် မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာ ရင်းများကိုတင်ပြပြီး အဆိုပါကော်မတီများအား အစည်းအဝေး တတိယနေ့တွင် အတည်ပြုရန် လျာ ထားကြောင်းနှင့် အကြုံပြုဆွေးနွေးလိုသည့် လွှတ် တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာကာ တတိယအကြိမ် ကချင် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိ ယနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)