တီးတိန်၊ မတ် ၃၁
ချင်းပြည်နယ်တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသနှင့်ကိုက်ညီသောအစေ့ထုတ်ပြောင်း (ရေဆင်း-၁၀)စပ်မျိုးများအား ဒေသခံတောင်သူများထံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကိုဆန်းက စိုက်ပျိုးရေးနည်းစနစ်များ ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ကျေးရွာအုပ်စု၊ ၁၉ အုပ်စုရှိကျေးရွာ ၂၃ ရွာမှ တောင်သူ ၁၀၈၉ ဦးထံသို့ အစေ့ထုတ်ပြောင်း (ရေဆင်း-၁၀)စပ်မျိုး ၉၀၆၅ ကီလိုအား ပေးအပ်ကြသည်။
အဆိုပါအစေ့ထုတ်ပြောင်း(ရေဆင်း၁၀)စပ်မျိုးပေးအပ်ပွဲသို့ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment