မတ် - ၂၈ ( စနေနေ့ )
မြောက်ကိုရီးယားမြို့တော် ပြုံယမ်းတွင် ဘီလာရုစ် သမ္မတ အလက်ဇန်းဒါးလူကာရှန်ကို နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် မြောက်ကိုရီးယားတွင် သံရုံးဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း ဘီလာရုစ်က ကြေညာခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးသည် “ကမ္ဘာ့အသွင်ကူးပြောင်းရေးကာလ” တွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံခြားရေးဝန်ကြီး က သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားရာတွင် နှစ်နိုင်ငံသည် ၎င်းတို့ရဲ့ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ် ခရီးသွားခြင်းဆိုင်ရာ လုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားမြို့တော်မှာ ကြာသပတေးနေ့က စေ့စပ်ညှိနှိုင်းမှုအတွင်း လူကာရှန်ကိုက ကင်ကို ဘယ်လာရုစ်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ နှစ်ဖက်ခေါင်းဆောင်များက လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြရာမှာ ဘီလာရုသမ္မတက ဘီလာရုနိုင်ငံလုပ် အေကေ ချေမှုန်းရေးရိုင်ဖယ်တစ်လက်ကို ကင်ဂျောင်အန်ကို လက်ဆောင်ပေးခဲ့ပါတယ်။
REF: RT
#MNP #News


No comments:
Post a Comment