မတ် - ၂၈ ( စနေနေ့ )
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဒွန်ဘားစ်ဒေသကို ရုရှားတွေလက်ထဲထည့်ပြီး ယူကရိန်းစစ်တပ်တွေ ဆုတ်ခွာဖို့အတွက် အမေရိကန်က ဖိအားပေးခဲ့တယ်ဆိုပြီး ယူကရိန်းခေါင်းဆောင် ဇီလန်စကီး ပြောတာတွေက လိမ်ညာပြီး ပြောခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။
ယခုသီတင်းပတ်အစောပိုင်းက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက ယူကရိန်းအား လုံခြုံရေးအာမခံချက်ပေးထားတဲ့ အမေရိကန်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း၊ လက်ရှိအငြင်းပွားမှုဖြစ်နေတဲ့ ဒွန်ဘားစ်ဒေသက နယ်မြေတွေကို ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် အမေရိကန်ဘက်က ကမ်းလှမ်းခဲ့ကြောင်း ပြောသွားပါတယ်။
ယူကရိန်းခေါင်းဆောင်က "ယူကရိန်းဘက်ခြမ်းကို ပိုမိုဖိအားပေးသည့် မဟာဗျူဟာ" ကို လိုက်နာကျင့်သုံးနေတဲ့ အမေရိကန်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲကြောင်း နဲ့ "ယူကရိန်းနိုင်ငံက ဒွန်ဘားစ်ဒေသကနေ ဆုတ်ခွာဖို့ အဆင်သင့်ဖြစ်ပြီဆိုမှ အမေရိကန်က ကျနော်တို့ရဲ့ လုံခြုံရေးကို အာမခံချက်ပေးမယ်ဆိုပြီး အပြီးသတ်ရန် ပြင်ဆင်နေကြပြီဖြစ်တယ်" လို့ ပြောသွားပါတယ်။
မနေ့က G7 ဆွေးနွေးပွဲအတွက် ပါရီမှာ သတင်းထောက်တွေကို စကားပြောရာမှာ ရူဘီယို က ဇီလန်စကီးရဲ့ ပြောကြားချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး လိမ်ညာနေတာပါလို့ ပြောသွားပါတယ်။ "ဒါဟာ လိမ်ညာမှုတစ်ခုပါ။ သူပြောတာတွေကို ကျနော်သိပါတယ်။ မဟုတ်တာတွေ လျှောက်ပြောတဲ့ သူ၊ သိပ်ကံကောင်းမဲ့ပုံမပေါ်တော့ဘူး” လို့ ပြောသွားပါတယ်။ “သူပြောခဲ့တာတွေက ရှင်းရှင်းလင်းလင်းပါပဲ၊ စစ်ပွဲမပြီးမချင်း လုံခြုံရေး အာမခံချက်တွေက ဝင်မှာမဟုတ်ဘူး၊ မဟုတ်ရင် စစ်ပွဲမှာ သင်ကိုယ်တိုင် ပါဝင်ရမလိုဖြစ်မနေဘူးလား “ လို့လည်း ထပ်ပြောပါတယ်။
အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများက ရုရှားရဲ့ ရပ်တည်ချက်ကို ယူကရိန်း အား ပြောပြပေးဖို့ပဲ တာဝန်ရှိပါတယ် လို့ ရူဘီယိုက ထောက်ပြခဲ့ပါတယ်။ ကျန်တဲ့ဆုံးဖြတ်ချက်တွေက ယူကရိန်းနဲ့ပဲ သက်ဆိုင်ပါတယ်။ အမေရိကန်အနေနဲ့ ကြားဝင်ဖျန်ဖြေသူအဖြစ်သာ လုပ်ဆောင်ရန် ကြိုးပမ်းနေပြီး နှစ်ဖက်စလုံးက ဘာကိုလိုချင်ကြောင်းနဲ့ အလယ်ဗဟိုကို ဘယ်လိုပေါင်းကူးနိုင်မလဲ ဆိုတာ သိမြင်ရန် ကြိုးစားနေကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။
အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့သည် ယခုနှစ်အတွင်း သုံးကြိမ်မြောက် ဆွေးနွေးမှုလုပ်ခဲ့ရာတွင် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ယခုလတွင် ပြုလုပ်ရန် စီစဉ်ထားတဲ့ စတုတ္ထအကျော့သည် အီရန်စစ်ပွဲကြောင့် ဆိုင်းငံ့ထားခဲ့ရပါတယ်။ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုများသည် စေ့စပ်ညှိနှိုင်းမှုများကို ရှေ့သို့မတိုးအောင် ဟန့်တားသည့် အဓိကပြဿနာအဖြစ် ဆက်လက်တည်ရှိနေကြောင်း အစီရင်ခံစာအများအပြားက ဖော်ပြထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment