မတ် - ၁၀ ( အင်္ဂါနေ့ )
အီရန်နိုင်ငံ မင်းနက်ဘ်မြို့က မိန်းကလေး စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တုန်းက ဒုံးကျည်တစ်လုံး ကျရောက်ခဲ့တာကြောင့် ကျောင်းသူကလေး ၁၆၀ ကျော်သေဆုံးခဲ့ရပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံ မှာ အများပြည်သူ ပူဆွေးတမ်းတခဲ့ရတာ နဲ့ ပတ်သက်ပြီး အမေရိကန် သတင်းဌာန တော်တော်များများ က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ မေးမြန်ခဲ့ရာမှာ အဖြေတွေ အမျိုးမျိုး ထွက်နေပါတယ်။
အစပထမပိုင်းက ထရမ့်က အမေရိကန်တွေရဲ့ ဒုံးကျည်ဖြစ်တဲ့ တိုမာဟောက် မဟုတ်ဘူးလို့ ငြင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ မီဒီယာတွေက တိုမာဟောက်ဖြစ်ကြောင်း ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ ဖော်ပြလာတဲ့အခါမှာတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က အီရန်တွေက အမေရိကန်ရဲ့ ဒုံးကိုသုံးပြီး ကိုယ့်ကျောင်းကိုယ် ပြန်ပစ်တာ လို့ ပြောပါတယ်။ ထရမ့်က အစပိုင်းမှာ အီရန်တွေရဲ့ ဒုံးကျည်တွေက မကောင်းလို့ ပစ်မှတ်မရောက်ဘဲ ကိုယ့်နယ်မြေထဲ ပြန်ကျတာလို့လည်း ပြောခဲ့ပါတယ်။ အဲ့လိုပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဆက်သ် ကလည်း အရပ်သားပစ်မှတ်ကို အီရန်ပဲ ပစ်မှာပါလို့တောင် ပြောသွားပါသေးတယ်။
"ကောင်းပြီ၊ ကျနော်အဲ့ဒါကို မတွေ့ဖူးပါဘူး။ နောက်ပြီး ကျနော်ပြောပြမယ် ၊လက်ရှိစစ်ပွဲထဲမှာ အင်အားအကြီးဆုံး လက်နက်တွေထဲက တစ်ခုဖြစ်တဲ့ တိုမာဟောက်ဒုံးကျည်ကို တခြားနိုင်ငံတွေက အီရန်ကို ရောင်းလို့ အီရန်က အဲ့ဒါကို သုံးပြီး ပစ်တာလည်း ဖြစ်နိုင်တာပဲလေ။ အဲ့ဒါကို ခင်ဗျားတို့သိလား။ တိုမာဟောက်ဒုံးကျည်ဆိုတာ လူတိုင်းလိုချင်နေတဲ့ ဒုံး မဟုတ်ဘူး။ အခြားခြားသော နိုင်ငံတွေက ရောင်းလို့ အီရန်မှာလည်း တိုမာဟောက်တွေ ရှိနေမှာပဲလေ။ အခုပြဿနာမှာ ဘယ်သူပစ်တယ်ဆိုတာက ဖြေရှင်းရမှာလေ။ တိုမာဟောက်က အမေရိကန်မှာ ရှိသလို၊ အီရန်မှာလည်း ရှိတယ်လေ” လို့ ပြောသွားပါတယ်။
အီရန်က တိုမာဟောက် ဒုံးကျည်များ ပိုင်ဆိုင်ကြောင်း သို့မဟုတ် ၎င်းတို့ကို ပစ်လွှတ်ရန် နည်းပညာများ ရှိကြောင်း ထရမ့် က သက်သေမပြခဲ့ပေ။ တာဝေးပစ် ခရုဇ်လက်နက်က မိုင် ၁၀၀၀ကျော် အကွာထိရောက်နိုင်ပြီး အနိမ့်ပိုင်း လေကြောင်းရန် ကာကွယ်ရေးကို ရှောင်နိုင်ပါတယ်။ ရေသီရွန်ကုမ္ပဏီက ထုတ်လုပ်ထားပြီး အမေရိကန်ရေတပ် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှာ အဓိကတပ်ဆင်ထားပါတယ်။ ယူကေနှင့် ဩစတြေးလျအပါအဝင် အမေရိကန် မဟာမိတ် လက်တစ်ဆုပ်စာမျှသာ တိုမာဟောက်ကို ပစ်နိုင်တဲ့ နည်းပညာရှိပါတယ်။ နယ်သာလန်နှင့် ဂျပန်တို့သည် ဒုံးကျည်များ ၀ယ်ယူရန် လုပ်ငန်းစဉ်များ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
REF: RT
#News #MNP


No comments:
Post a Comment