နေပြည်တော်၊ မတ် ၁၉
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် ၂၀ ရက်၊ မနက် ၁၀ နာရီမှာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတွေ ရွေးချယ် တင်မြှောက်နိုင်ဖို့အတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အလိုက် အစည်းအဝေးများ စတင်ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြေညာမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအရ လွှတ်တော်သက်တမ်း ပထမ လ(၃၀)မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့က ပြည်ထောင်စု လွှတ်တော်နာယကနှင့် ဒုတိယနာယကအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ကျန်ရှိ သက်တမ်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က နာယကနှင့် ဒုတိယ နာယကအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။
#MNP #News

No comments:
Post a Comment