အီရန် နဲ့ စစ်ပွဲက ဒေါ်လာကုဋေ သိန်းပေါင်းများစွာ ကုန်သွားနိုင်တယ်လို့ သုတေသနဌာနတစ်ခုက ခန့်မှန်းထား - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန် နဲ့ စစ်ပွဲက ဒေါ်လာကုဋေ သိန်းပေါင်းများစွာ ကုန်သွားနိုင်တယ်လို့ သုတေသနဌာနတစ်ခုက ခန့်မှန်းထား


မတ် - ၁၉ ( ကြာသပတေးနေ့ ) 

အမေရိကန်အစိုးရအတွက် ၂၀၂၆ စစ်ဘက်အသုံးစရိတ် ဘတ်ဂျက်က ကန်ဒေါ်လာ ၈၃၀ ဘီလီယံ(ကုဋေ ၈၃၀၀၀) ပဲ ခွင့်ပြုထားတာ ဖြစ်လို့ အီရန်စစ်ပွဲ ကုန်ကျစရိတ်ကြောင့် အစိုးရအနေနဲ့ နောက်နှစ်( ၂၀၂၇) ဘတ်ဂျတ်ထဲကနေ ဆွဲယူ သုံးရနိုင်တယ် လို့ the intercept သုတေသနဌာန က ခန့်မှန်းတွက်ချက်ထားပါတယ်။ လက်ရှိ အမေရိကန်အစိုးရ ခွင့်ပြုချက်ရထားတဲ့ ဘတ်ဂျက် က ကမ္ဘာ့အစိုးရတွေထဲမှာ ခွင့်ပြုချက်အများဆုံး ရထားတဲ့ ပမာဏပဲ ဖြစ်ပါတယ်။ 

အီရန်စစ်ပွဲ၏ ငွေကြေးကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက လျှော့တွက်ထားပေမဲ့ စစ်ပွဲကြာသွားလျှင် ရေရှည်တွင် အမေရိကန်အခွန်ထမ်းများအတွက် ဒေါ်လာထရီလျံများစွာအထိ ပျံ့နှံ့သွားနိုင်ကြောင်း The Intercept က သတိပေးထားပါတယ်။ အီရန်မှာ အစိုးရအပြောင်းအလဲဖြစ်အောင် အမေရိကန်က စစ်ရေးဆိုင်ရာဖိအားပေး လုပ်ဆောင်ဖို့  ပြည်တွင်း လက်နက်ခဲယမ်းသိုလှောင်မှုကို ဆွဲသုံးနေလို့  လက်နက်ပြတ်တောက်မှုဖြစ်သွားနိုင်တယ် လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ 

မနေ့က The Intercept သည် ကျွမ်းကျင်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမည်မဖော်လိုသူ အစိုးရအရာရှိနှစ်ဦးတို့ကို တွေ့ဆုံမေးမြန်းထားပြီးနောက် ထရမ့်အစိုးရ ရဲ့ တာဝန်ရှိသူများ နာမည်ပေးထားတဲ့ Epic Fury စစ်ဆင်ရေး ရဲ့ အသုံးစရိတ်ခန့်မှန်းချက်များက လွဲချော်နေပြီ လို့ ဆိုလာပါတယ်။ 

ထရမ့် စီးပွားရေးအကြံပေး ကီဗင်ဟတ်ဆက် က  တနင်္ဂနွေနေ့တွင် ပြောကြားတဲ့ စစ်ရေးကုန်ကျစရိတ် ၁၂ ဘီလီယံ ခန့်မှန်းချက်က ဖေဖော်ဝါရီလကုန် အမေရိကန်-အစ္စရေး တိုက်ခိုက်မှုမလုပ်မီ အရှေ့အလယ်ပိုင်းတွင် စစ်ရေးတည်ဆောက်မှု ကုန်ကျစရိတ်ကို ထည့်မတွက်ထားဘူး လို့ ပြောပါတယ်။ 

သုံးပတ်ကြာ စစ်ပွဲမှာ ဒေါ်လာ ၆၀ ဘီလီယံမှ ၁၃၀ ဘီလီယံကြား တိုက်ရိုက်ကုန်ကျမည်ဖြစ်ပြီး ရှစ်ပတ်အထိ ကြာမြင့်ပါက ဒေါ်လာ ၂၅၀ ဘီလီယံအထိ မြင့်တက်လာမယ်လို့  အစိုးရသတင်းရင်းမြစ်များက The Intercept ကို ပြောသွားပါတယ်။ ထရမ့်အစိုးရက ၂၀၂၇ ဘဏ္ဍာနှစ်အတွက် စစ်ဦးစီးဌာနရဲ့ ဘတ်ဂျက်တောင်းခံမှုတွင် အနည်းဆုံး ဒေါ်လာ ၅၀ ဘီလီယံ ထပ်ထည့်လိမ့်မယ်လို့ လွှတ်တော်အမတ်များက မျှော်လင့်ထားပါတယ်။ 

စစ်ပြန်တွေရဲ့အကျိုးခံစားခွင့်နှင့် ထပ်တိုးကြွေးမြီအပေါ် အတိုးအပါအဝင် ရေရှည်အသုံးစရိတ်တွေက အီရတ်စစ်ပွဲတုန်း ကလိုပဲ ထရီလီယံပေါင်းများစွာဖြစ်သွားနိုင်တယ်လို့ အစီရင်ခံစာက အလေးပေးဖော်ပြခဲ့ပါတယ်။ 

 ဂျော့ခ်ျဒဗလျူဘုရှ် အစိုးရက ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချရန် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၀ ဘီလီယံခန့် ရှိမယ်လို့ ကနဦး ခန့်မှန်းထားခဲ့ပေမဲ့ လွတ်လပ်သော အကဲဖြတ်ချက်များအရ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၈ ထရီလီယံခန့် အထိ ရှိလာခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတော်ကြွေးမြီသည် ပြီးခဲ့တဲ့ အောက်တိုဘာလက ဒေါ်လာ ၃၈ ထရီလီယံမှ ၃၉ ထရီလီယံသို့ ချဉ်းကပ်လာခဲ့ကြောင်း ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအရ သိရပါတယ်။ ထရမ့်က သမ္မတ မဲဆွယ်စဉ်ကာလတုန်းက ငွေကုန်ကြေးကျများသော စစ်ပွဲအသစ်များ မလုပ်ဘူးလို့ ကတိပြုခဲ့တဲ့အပြင် ဖြုန်းတီးသော အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခြင်းဖြင့် အကြွေးကို လျှော့ချပေးမယ်လို့ ပြောခဲ့ပါတယ်။ 

တနေ့ကတော့ အမေရိကန်အမျိုးသား အကြမ်းဖက်မှုတန်ပြန်ရေး ဗဟိုဌာန အကြီးအကဲ ဂျိုးကန့် က  အီရန်စစ်ပွဲကို ဆန့်ကျင်တဲ့အနေဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ သူက ထရမ့်အပြောနဲ့ ဆန့်ကျင်ပြီး အီရန်သည် “ကျွန်ုပ်တို့၏နိုင်ငံအတွက် ခြိမ်းခြောက်မှု မရှိကြောင်း” နှင့် “အစ္စရေးမြောက်ပေးတာနဲ့ အမေရိကန်အစိုးရက ဒီစစ်ပွဲထဲကို ဝင်ပါတာ” လို့ ပြောသွားပါတယ်။ 


 REF: RT 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)