နိုင်ငံစိးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း၌ ကောက်စိုက်စက်ဖြင့် နွေစပါး (ရေဆင်းပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံစိးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း၌ ကောက်စိုက်စက်ဖြင့် နွေစပါး (ရေဆင်းပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနား ကျင်းပ




မိတ္ထီလာ၊ မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ နိုင်ငံစိးပွားမြှင့်တင်ရေးအစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ စိုက်ကွင်း၌ ကောက်စိုက်စက်ဖြင့်  နွေစပါး (ရေဆင်း ပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို မတ် ၁၉ ရက်နေ့ နံနက် ၉ နာရီက  ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာရှိ ကွင်းအမှတ် ၇၄၀ ရှိ တောင်သူ ဦးဖုန်းမြင့်၏ စိုက်ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း ကောက်စိုက်စက်ဖြင့်  နွေစပါး(ရေဆင်း ပေါ်ဆန်း-၂)စိုက်ပျိုးခြင်း သရုပ်ပြပွဲနှင့် သွင်းအားစု ပေးအပ်ပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက မြို့နယ်အတွင်း လက်မှုလယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားအင်အား ရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေးနှင့် စပါးအထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ ဒေသခံတောင်သူများအား ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းကို လက်တွေ့ပြသခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိမ်းလန်းမြေကုမ္ပဏီလီမိတက်မှ တာဝန်ခံ ဦးမောင်မောင်ထွန်းက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း အဆင့်ဆင့်ကို ရှင်းပြခဲ့သည်။ ထို့နောက် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းက မြို့နယ်အတွင်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံစိးပွားမြှင့်တင်ရေး အစီအစဉ်ဖြင့် နွေစပါးမျိုးစေ့ထုတ် ဧက ၁၀၀ အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များက စိုက်ပျိုးရေးတောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကောက်စိုက်စက်ဖြင့် နွေစပါး(ရေဆင်း ပေါ်ဆန်း-၂)စိုက်ပျိုးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးလွင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့် ခရိုင်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်အေးနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)