ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး









ရန်ကုန်၊ မတ် ၁၉                  

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် မတ် (၁၇) ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမွေးမြူရေးဇုန်အတွင်း မြင့်မြတ်မြန်မာမြေ ကုမ္ပဏီလီမိတက်၏ A 14 ရှိ ဇီဝဇိုးငှက် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ ကောင်းထက် ကုမ္ပဏီလီမိတက်၏ A 26 ရှိ ဥစားကြက်အကောင်ရေ (၃၆၀၀၀) မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ လင်းမြတ်မဟာ ကုမ္ပဏီလီမိတက်၏ A 29 ရှိ ဆိတ်အကောင်ရေ (၁၀၀၀) နှင့် မြင်းအကောင်ရေ (၈) ကောင် မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ Myanmar Livestock Society Developer Group ၏ A 30 ရှိ ဆိတ်နှင့်သိုး အကောင်ရေ (၁၂၀၀) မွေးမြူထားရှိမှု အခြေအနေများအားလည်းကောင်း၊ Graet Will ၏ B 10 ရှိ ဒေသနွားအကောင်ရေ (၁၇၇) ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ Sittin Co, Ltd ၏ A 35 ရှိ ဒေသနွားအကောင်ရေ (၆၇) ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း၊ Crystal liegon Co, Ltd ၏ B 14 ရှိ ကျွဲအကောင်ရေ (၃၆) ကောင် မွေးမြူထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးကြရန် စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မွေးမြူရေးဇုန်အနီးရှိ သနပ်ချောင်းပိတ် ရေလှောင်တမံတွင် ရေသိုလှောင်ထားရှိမှု၊ ရေသိုလှောင်နိုင်မှုနှင့် ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)