မတ် - ၉ ( တနင်္လာနေ့ )
အီရန်သမ္မတ မာဆွတ်ပီဇီရှကီယန် က တီဟီရန်သည် အိမ်နီးချင်းနိုင်ငံများကို တိုက်ခိုက်မှုများကို မလုပ်တော့ ပါဘူး။ ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် တောင်းပန်တယ်ဆိုပြီး ဘာသာပြန်ဖော်ပြခဲ့ကြတာတွေက လွဲမှားစွာ အဓိပ္ပာယ်ကောက်ယူခဲ့ကြတယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ပီဇီရှကီကန် က ၎င်းရဲ့ ပြောကြားချက်သည် ပဋိပက္ခဒဏ်ခံရသော အိမ်နီးချင်းနိုင်ငံများကို တောင်းပန်ခဲ့တယ် ဆိုတာ မှန်ပေမဲ့ အီရန် နဲ့ ဒေသတွင်း အိမ်နီးချင်းများကြား ကွဲလွဲကွဲပြားစေရန် ပုံဖျက်နေတဲ့ စကားတွေက ရှိနေကြောင်း၊ တီဟီရန်သည် အိမ်နီးချင်းနိုင်ငံများနှင့် “ကောင်းမွန်သော ညီရင်းအစ်ကို” ဆက်ဆံရေးကို ထိန်းသိမ်းထားပေမဲ့ အီရန်အား အိမ်နီးချင်း နိုင်ငံတွေက သူတို့ရဲ့ပိုက်နက်ထဲကနေ တိုက်ခိုက်မှုတွေ လုပ်လာပါက ပြန်လည် တုံ့ပြန်သွားမယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ပါလို့ ပြောသွားပါတယ်။
“အမေရိကန် ဒါမှမဟုတ် အစ္စရေးက တခြားနိုင်ငံတွေရဲ့ ပိုင်နက်ကနေ အီရန်ကို တိုက်ခိုက်မယ်ဆိုရင် အီရန်က မလွှဲမရှောင်သာ တုံ့ပြန်မှာပါ” လို့ပြောပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲရှစ်ရက်မြောက်ဖြစ်သော တနင်္ဂနွေနေ့တွင် အီရန်ရဲ့ ဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှု အသစ်များကို ပင်လယ်ကွေ့နိုင်ငံများ ကြုံတွေ့ရခြင်းနဲ့ ပတ်သက်ပြီး ၎င်းကဆိုလိုက်ခြင်းဖြစ်ပါတယ်။
မြို့တော် ရီယာ့ဒ် အရှေ့ဘက် အများအပြား အပါအဝင် လေပိုင်နက်ထဲ ဝင်လာသော မောင်းသူမဲ့ လေယာဉ် ၁၅ စင်းကို ၎င်း၏ လေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဆော်ဒီအာရေဗျက ပြောကြားခဲ့ပါတယ် ။
ကာတာကလည်း ပဲ့ထိန်းဒုံးကျည် ၁၀ စင်းနှင့် အီရန်မှ ပစ်လွှတ်သော ခရုဇ်ဒုံးကျည် ၂ စင်းတို့ကို ပစ်ချနိုင်ခဲ့ပြီး အများပြည်သူ ထိခိုက်သေဆုံးမှုမရှိအောင် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆိုပါတယ်။
ကူဝိတ်နိုင်ငံတကာလေဆိပ်ရှိ လောင်စာဆီကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသလို ကူဝိတ်လေပိုင်နက်အတွင်းသို့ ရန်လိုသော ဒရုန်းများဝင်ရောက်လာမှုကို တုံ့ပြန်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ပြောကြားခဲ့ပါတယ်။ ကြားဖြတ်တိုက်ခိုက်မှု စစ်ဆင်ရေးအတွင်း အရပ်ဘက်အဆောက်အဦအချို့ ပြိုကျမှုကြောင့် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဘာရိန်းနိုင်ငံက အီရန်ဒရုန်းတိုက်ခိုက်မှုကြောင့် ရေသန့်စင်ရေး စက်ရုံတစ်ရုံ ပျက်စီးခဲ့ကြောင်း နဲ့ ဒုံကျည်များကြောင့် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် တရားသူကြီးချုပ်ကတော့ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာ ရန်သူတွေရဲ့ တပ်တွေက ပြောင်တိုက်ခိုက်မှု နဲ့ လှို့ဝှက်တိုက်ခိုက်မှုတွေ လုပ်နေတယ်ဆိုတာကို သက်သေတွေ ရထားပြီးဖြစ်လို့ ဒေသတွင်းနိုင်ငံတွေကို ဆက်လက်တိုက်ခိုက်မှုတွေ လုပ်ဦးမယ်လို့ ဆိုလိုက်ပါတယ်။
REF: The Nation
#News #MNP

No comments:
Post a Comment