ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရ အရေးပါသော အပင်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုနှင့် အသုံးပြုနိုင်မှုများဖော်ထုတ်ခြင်းနှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်း စီမံကိန်းမိတ်ဆက်အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရ အရေးပါသော အပင်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုနှင့် အသုံးပြုနိုင်မှုများဖော်ထုတ်ခြင်းနှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်း စီမံကိန်းမိတ်ဆက်အခမ်းအနား ကျင်းပ



ကျိုင်းတုံ  ၊ မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရအရေးပါသောအပင်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုနှင့် ၎င်းတို့အား အသုံးပြုနိုင်မှုများကိုဖော်ထုတ်ခြင်းနှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား သတင်းအချက်အလက်မျှဝေခြင်း (FD-MLC Plant’s Chemical) စီမံကိန်းမိတ်ဆက် အခမ်းအနားကို ယမန်နေ့က ဟွမ်ဟိန်းဟိုတယ်တွင် ကျင်းပသည်။

ဦးစွာ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)မှ စီမံကိန်းမန်‌နေဂျာ ဦးညွန့်ဝင်း က အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညို က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)မှ ဒေါက်တာ သီတာဆွေက စီမံကိန်းရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အပင်များ၏ ထူးခြားဂုဏ်သတ္တိဒြပ်ပေါင်းပါဝင်မှုအား ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန(ရေဆင်း)မှ ဒေါက်တာမူမူအောင် ကစီမံကိန်းဒေသအတွင်းရှိ ဈေးကွက်အလားအလာကောင်းသော အပင်မျိုးစိတ်များကို လေ့လာဖော်ထုတ် မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးပြီး အခမ်းအနား တက်ရောက်ကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာနိုင်ငံမဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ စီးပွားရေးအရအ‌ရေးပါသော အပင်များအား ဆန်းစစ်လေ့လာဖော်ထုတ်ရေး၊ အသုံးပြုဈေးကွက်မြှင့်တင်နိုင်ရေးနှင့် မဲခေါင်ဒေသအတွင်း နိုင်ငံများအကြား သတင်းအချက်အလက်မျှဝေနိုင်ရေး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)