မိုးနဲ၊ မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်း၌ မတ်လ ၂၉ ရက်နေ့မှ စတင်ကာ အစိုးရပါဠိပထမပြန်စာမေးပွဲအား ဖြေဆိုလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က သံဃာ(၆၀)ပါး ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲအား မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝင်ရောက်ဖြေဆိုရန် အခြေပြုမူလတန်းတွင် (၆၄)ပါး၊ ပထမငယ်တန်းတွင်(၁၉)ပါး၊ ပထမလတ်တန်းတွင် (၂၁)ပါး၊ ပထမကြီးတန်းတွင် (၆)ပါး စုစုပေါင်း သံဃာ(၁၁၀)ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ပထမကြီးတန်းတွင်(၄)ပါး၊ ပထမလတ်တန်းတွင် (၁၀)ပါး၊ ပထမငယ်တန်းတွင်(၉)ပါး၊ အခြေပြုမူလတန်းတွင် (၃၇)ပါး စုစုပေါင်းသံဃာ(၆၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တွင် ဆွမ်း၊ ကွမ်းအခက်အခဲမရှိစေရေး ပေါ့မိုင်းရပ်ကွက်နေပြည်သူများမှ စုပေါင်းလှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို
#MNP #News



No comments:
Post a Comment