နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် တို့၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆိုနေမှုအား ဖူးမျှော်ကြည်ညို - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် တို့၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆိုနေမှုအား ဖူးမျှော်ကြည်ညို



နေပြည်တော်၊ မတ် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလအောင် ဓမ္မဗိမာန်တော်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်သာသနာ့လင်္ကာရ သာသနာ့ဗိမာန်တို့တွင် ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုခဲ့သည်။

အဆိုပါ ပါဠိပထမပြန်စာ‌မေးပွဲ‌ ဖြေဆိုနေမှုများအား နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့ လာရောက်ဖူးမျှော်ကြည်ညိုကာ စာမေးပွဲကြီးကြပ်ဆရာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

လယ်ဝေးမြို့နယ် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်းတွင် သံဃာတော်နှင့် သီလရှင် ၃၂ ပါး၊ ပထမလတ်တန်းတွင် ၄၇ ပါးနှင့် ပထမငယ်တန်းတွင် ၈၆  ပါးနှင့် အ​ခြေပြုမူလတန်းတွင် ၂၀၆ ပါး စုစုပေါင်း ၃၇၁ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဒက္ခိဏသီရိမြို့နယ်၌ ပထမကြီးတန်းတွင် သံဃာတော်နှင့်သီလရှင် ၁၉ ပါး၊ ပထမလတ်တန်းတွင် သံဃာတော်နှင့်သီလရှင် ၂၂ ပါး၊ ပထမငယ်တန်းတွင် သံဃာတော်နှင့်သီလရှင် ၃၃ ပါး၊ အခြေပြုမူလတန်းတွင် သံဃာတော်နှင့် သီလရှင် ၈၁ ပါး စုစုပေါင်း ၁၅၅ပါး ဖြေဆိုလျက်ရှိသည်။  ပါဠိပထမပြန်စာမေးပွဲအား  မတ်၂၉ ရက်မှ ဧပြီ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့်ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့်စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)