အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာန အကြီးအကဲတို့ တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ သံတမန်ဌာန အကြီးအကဲတို့ တွေ့ဆုံ



နယူးဒေလီ၊ မတ် ၃၀

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယပြည်ပရေးရာဝန်ကြီး ဌာန၊ သံတမန်ဌာနမှ အကြီးအကဲ Mr. Amit Kumar အား ၃၀-၃-၂၀၂၆ ရက်နေ့၊ ၁၂:၃၀ နာရီတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနသို့ သွားရောက်တွေ့ဆုံခဲ့သည်။

 ထိုသို့တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးနှင့် သံတမန်ဌာန အကြီးအကဲ တို့သည် သံတမန် အခွင့်အရေးနှင့် ကင်းလွတ်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ သံရုံးဆောက်လုပ်ရေး ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)