ပင်လုံမြို့၌ (၅၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လုံမြို့၌ (၅၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို



ပင်လုံ၊ မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက မဟာရဌာဘိသာမဂ္ဂီ စေတီတော် သာသနာ့ရက္ခိတ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နေ့လယ်၌ ကစ္စည်းသဒ္ဒါကြီးစာမေးပွဲ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိုအစိုးရပါဠိပထမပြန်စာမေးပွဲသို့ ပင်လုံမြို့ စာစစ်ဌာနမှ ဖြေဆိုရန်သံဃာတော် အရှင်သူမြတ် ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း(၁၃)ပါး၊ ပထမငယ်တန်း(၇၁)ပါး၊ အခြေပြုမူလတန်း (၁၆၀)ပါး စုစုပေါင်း(၂၄၇)ပါးရှိပြီး ဝင်ရောက်ဖြေဆိုသည့် သံဃာတော်အရှင်သူမြတ် ပထမကြီးတန်း(၃)ပါး၊ ပထမလတ်တန်း(၁၃)ပါး၊ ပထမငယ်တန်း(၅၈)ပါး၊ အခြေပြု မူလတန်း(၁၄၅)ပါး စုစုပေါင်းမှာ(၂၁၉)ပါးရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေစဥ်တွင် စာစစ်ဌာနကြီးကြပ်ရေးဆရာတော်များ၊ စာပြန်ပွဲတော်ကျင်းပရေးကော်မတီများ၊ ဌာနဆိုင်ရာများက ကူညီပေးလျက်ရှိပြီး ပင်လုံမြို့ ပြည်သူ့ကျန်းမာရေးဌာန နှင့်တိုင်းရင်းဆေးကုဌာနတို့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)