ဟိုပုံး၊ မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၄၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ (၂၅)ပါး၊ ဖြေဆို(၂၃) ပါး၊ ပထမလတ်တန်း စာရင်းရှိ (၅၇)ပါး၊ ဖြေဆို (၅၃)ပါး၊ ပထမငယ်တန်း စာရင်းရှိ (၈၃)ပါး၊ ဖြေဆို (၇၈)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၂၈၅)ပါး၊ ဖြေဆို(၂၆၈)ပါး စုစုပေါင်း စာရင်းသွင်း(၄၅၀)ပါး၊ ဖြေဆို(၄၂၂)ပါး၊ ပျက်ကွက်(၂၈)ပါးရှိကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာမေးပွဲကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းများ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉)ရက်နေ့မှ ဧပြီ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment