မတ် - ၃၁ ( အင်္ဂါနေ့ )
ဂျာမနီနိုင်ငံက အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ရွေ့ပြောင်း ဒုတိယအများဆုံး လက်ခံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မနေ့က ဂျာမန်အဓိပတိ မားဇ် နဲ့ ဆီးရီးယား သမ္မတ ရှာရာ တို့က ဆီးရီးယားဒုက္ခသည်များ ပြန်လာရေး ဆွေးနွေးရန် တွေ့ဆုံခဲ့ကြပါတယ်။
ဂျာမနီအဓိပတိနှင့် ဆီးရီးယားသမ္မတက ၎င်းတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လာမယ့်သုံးနှစ်အတွင်း ဂျာမဏီကို ထွက်ပြေးလာခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ၈၀ ရာခိုင်နှုန်းကို ပြန်လည် လက်ခံရန်အတွက် ဆွေးနွေး ဖြစ်ခဲ့ ကြပါတယ်။ ဂျာမနီမှာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ရွေ့ပြောင်းလာတဲ့ ဒုက္ခသည် ၁သန်းကျော် ရှိပါတယ်။
ရှာရာက ပြည်တွင်းစစ်အတွင်း ဆီးရီးယားလူမျိုးများအား လက်ခံထားပေးမှုအတွက် မားဇ်နဲ့ ဂျာမနီ ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး "ဆီးရီးယားလူမျိုးများသည် လူ့အဖွဲ့အစည်းအတွက် မည်ကဲ့သို့ ကူညီပေးရမည်ကို လျင်မြန်စွာ သင်ယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိပါတယ်"လို့ ပြောပါတယ်။
ဆီးရီးယားနိုင်ငံသားများသည် ဂျာမနီတွင် တည်ဆောက်ထားသော ပိုင်ဆိုင်မှုများကို မစွန့်လွှတ်ဘဲ ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ရေးတွင် ပါဝင်ကူညီနိုင်စေမဲ့ 'ပတ်ပတ်လည်' ရွှေ့ပြောင်းနေထိုင်မှုပုံစံကို ထူထောင်ရန် ဆီးရီးယား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရှာရာက ပြောကြားခဲ့ပါတယ်။ ၁၄ နှစ်ကြာ ပြည်တွင်းစစ်အပြီးတွင် ဆီးရီးယားလက်ရှိအစိုးရက တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်ရေး ကို လုပ်ဆောင်နေပါတယ်။
REF: UPI
#MNP #News

No comments:
Post a Comment