မတ် - ၃၁ ( အင်္ဂါနေ့ )
မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်ဘမ်း က ကျူးဘားသို့ လောင်စာဆီ ပေးပို့ရန် အခွင့်အရေးက မက္ကဆီကိုနိုင်ငံမှာ ရှိကြောင်း နဲ့ ကျူးဘားကျွန်းပေါ်မှာ စွမ်းအင်ပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်တွင် မက္ကဆီကို နိုင်ငံအနေနဲ့ ကိုယ့်အချုပ်အခြာအာဏာအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ရှိကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
လောင်စာဆီတင်ပို့မှုက လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် စီးပွားရေးအရတရားမျှတမှုရှိတယ် လို့ အလေးပေးပြောကြားခဲ့ပါတယ်။ "မက္ကဆီကိုဟာ လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် စီးပွားရေးအရဖြစ်စေ လောင်စာဆီပေးပို့ခွင့်ရှိပေမယ့် အမေရိကန်ဘက်က အကောက်ခွန်တိုးမြင့်မှုတွေ လုပ်မှာမို့လို့ မက္ကဆီကို ကို မထိခိုက်စေချင်ပါဘူး။ စီးပွားဖြစ် တင်ပို့မှုလျှော့ချလိုက်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ အမြဲတမ်းရည်မှန်းချက်ရှိပါတယ်" လို့ ပြောသွားပါတယ်။
အမေရိကန်ရဲ့ အကောက်ခွန်ခြိမ်းခြောက်မှုများနဲ့ ကန့်သတ်ချက်များကြောင့် ယာယီပြတ်တောက်သွားတဲ့ ရေနံစိမ်းရောင်းချမှုကို ပြန်လည်ရယူရန် သူမရဲ့အစိုးရက ကျူးဘားအာဏာပိုင်များ နဲ့ လက်တွဲလုပ်ဆောင် နေကြောင်းကိုလည်း ပြောသွားပါတယ်။
အမေရိကန်က ကျူးဘားသို့ ရေနံစိမ်းတင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောကို ခွင့်ပြုပြီးနောက် မက္ကဆီကိုက လက်ရှိကုန်သွယ်မှု သဘောတူညီချက်များနှင့်အညီ တင်ပို့ရောင်းချမှုများ ပြန်လည်စတင်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။ ရှိန်ဘမ်းက သူမရဲ့ကိုယ်ပိုင်ငွေထဲက ကန်ဒေါ်လာ ၁၂၀၀ ကို ကျူးဘားကို လှူဒါန်းခဲ့ပါတယ်။
၂၀၂၆ ဖေဖေါ်ဝါရီလတွင် ကျူးဘားနိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ တင်းကြပ်ခြင်းမပြုမီတွင် မက္ကဆီကိုက ကျူးဘားသို့ တစ်ရက်လျှင် စည်ပေါင်း ၂သောင်း နီးပါး တင်ပို့ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို မက္ကဆီကိုနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် သံတမန်ရေးအရ ဖိအားကြောင့် တစ်ရက်လျှင် စည်ပေါင်း ၇ ထောင်သာ တင်ပို့ ခဲ့ပါတယ်။
REF: UPI
#MNP #News


No comments:
Post a Comment