ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီသုံးစွဲမှု ဖူလုံမှုရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီသုံးစွဲမှု ဖူလုံမှုရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး



ရန်ကုန်၊ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် မတ် ၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဝင်ရောက်မှုအခြေအနေများ၊ ဖြန့်ဖြူးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Max Terminal သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာများ၊ စွမ်းအင်ဝန်ကြီးဌာ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိချုပ် ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ယာယီဥက္ကဋ္ဌ ဦးမြို့မြင့်ဆွေနှင့် တာဝန်ရှိသူများ၊ သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ တာဝန်ခံများနှင့် တာဝန်ရှိသူများဖြင့် တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် စက်သုံးဆီများအား လုံလောက်မှုရှိစွာ ပေးဝေရန်၊ ဆီဆိုင်များအား မှန်ကန်စွာဖြင့် ခွဲဝေရောင်းချရန်နှင့် ဆီဆိုင်များတွင် စက်သုံးဆီများအား ပုံမှန်ရောင်းချနေသည့်အတိုင်း သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိချုပ် ဦးသန်းထွန်းဦးက စက်သုံးဆီဖူလုံမှုနှင့် Purchase Order ခွဲဝေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း ယာယီဥက္ကဋ္ဌ ဦးမြို့မြင့်ဆွေက စက်သုံးဆီများအား Tanker များဖြင့် တင်သွင်းမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသရှိ Max Terminal ၊ Apex Gas and Oil Great Petroleum Terminal နှင့် MYAT MIATTAR MON PETROL Terminal များရှိ ဆီဖြည့်ပွိုင့်များတွင် စက်သုံးဆီတင်ယာဉ်များအား ဆီဖြည့်ပေးနေမှုနှင့် စက်သုံးဆီဖြန့်ဖြူးနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)