မတ် - ၇
အီရန်မှာဖြစ်နေတဲ့ စစ်ပွဲကြောင့် ဟောမုဇ်ရေလက်ကြား အပိတ်ခံလိုက်ရသလို ဖြစ်သွားပြီး တောင်အာဖရိကနိုင်ငံက လတ်ဆတ်သောသစ်သီးတင်ပို့တဲ့ ကုန်သည်တွေကို အကြီးအကျယ်ထိခိုက်စေပါတယ်။ တောင်အာဖရိကနိုင်ငံက သစ်သီးဝလံထုတ်လုပ်သူတွေရဲ့ အဓိကဈေးကွက်က ယူအေအီး နိုင်ငံဖြစ်ပြီး ယူအေအီး ဆီကနေ ရေနံတွေကို ပြည်တွင်းကို တင်သွင်းနေတာပါ။
လောလောဆယ် စစ်ဖြစ်နေတာ့ သင်္ဘောတွေ၊ လေယာဉ်တွေပေါ် တင်ထားတဲ့ သစ်သီးတွေက ပင်လယ်ထဲမှာ ကြာနေသလို လောင်စာစွမ်းအင်ရရှိမှုကလည်း ဈေးတွေတက်သွားတော့ ထုတ်လုပ်သူများအတွက် အကြီးအကျယ် အရှုံးပေါ်သွားပါတယ်။
“ကျနော်တို့ရဲ့သစ်သီးတွေကို အခြားဈေးကွက်တစ်ခုပို့ဖို့ရာက မလွယ်ဘူး ဖြစ်နေပါတယ်။ ဈေးကွက်တွေထဲကို အချိန်မီမပို့နိုင်ရင်တော့ အားလုံးကိုလွှင့်ပစ်ရတော့မှာပါ။ ဖြစ်နိုင်ချေရှိတဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာကို နားလည်ဖို့နဲ့ အနှောင့်အယှက်များ ဆက်လက်ဖြစ်ပေါ်နေပါက ဖြစ်နိုင်ချေရှိသော ပံ့ပိုးမှုယန္တရားများကို ရှာဖွေရန် အစိုးရ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်တဲ့လုပ်ငန်း နဲ့ ဈေးကွက် ယှဉ်ပြိုင်မှုဌာနတို့က အားသုံးပြီးလှုတ်ရှားရတော့မှာဖြစ်ပါတယ်” လို့ ၁၉၇၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော အကျိုးအမြတ်မယူသောအဖွဲ့အစည်း (NGO) EWC ဥက္ကဋ္ဌ တယ်ရီဂေးလ် ကပြောသွားပါတယ်။
Ref: RT
#News



No comments:
Post a Comment