ကွမ်းခြံကုန်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေထုတ်ပေး




ကွမ်းခြံကုန်း  ၊ မတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆဌမအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့က သပြုစမ်း‌ကျေးရွာအုပ်စု၊ ကွမ်းခြံစုကျေးရွာ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်‌ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့်ကျေးရွာတာဝန်ခံများမှ အသင်းသား (၃၅) ဦးအား ဆဌမအကြိမ်မြောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထုတ်ချေးငွေကျပ် (၁၄. ၇၁) ကျပ်သန်းအား ထုတ်ချေးပေးခဲ့ခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆွေနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)