စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကွင်းဆက်(Supply Chain) အား စိစစ်ကြပ်မတ်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကွင်းဆက်(Supply Chain) အား စိစစ်ကြပ်မတ်လျက်ရှိ


နေပြည်တော်၊ မတ် ၇

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် ရောက်ရှိစေရေးနှင့် စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး ဖြည့်တင်းစီမံဆောင်ရွက်ပေးခြင်း၊ ဖြည့်တင်းပေးသည့် စက်သုံးဆီများအား သုံးစွဲသူများသို့ရောက်ရှိ စေရေးအတွက် ဖြည့်တင်းမှုကွင်းဆက်တစ်လျှောက် စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီ အရောင်းဆိုင်များ၏ လက်ကျန်ဆီအခြေအနေအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းနှင့် သီလဝါရှိ Terminal များမှ စက်သုံးဆီများ ထုတ်ယူရောက်ရှိမှုအခြေအနေများအား စိစစ်ကြပ်မတ်စစ်ဆေး ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ပြည်သူများ အနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များကလည်း စက်သုံးဆီအရောင်းဆိုင်များသို့ စစ်ဆေးကြပ်မတ်လျက်ရှိခြင်းကြောင့် ယမန်နေ့ ညနေပိုင်းမှစတင်၍ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူသည့် ယာဉ်အရေအတွက်များ လျော့နည်းလာကြောင်း တွေ့ရသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်း မပြုလုပ်ကြပါရန်နှင့် တန်းစီခြင်းကြောင့် အချိန်ကုန်ပြီး မလိုလားအပ်သော အခက်အခဲများ ဖြစ်ပေါ်စေနိုင်သောကြောင့် ပူးပေါင်းကူညီဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)