နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းနှင့် တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန် စွမ်းအင်ဝန်ကြီးဌာန က အသိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်းနှင့် တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန် စွမ်းအင်ဝန်ကြီးဌာန က အသိပေး



နေပြည်တော်၊ မတ် ၄ 

အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းတွင် အကျပ်အတည်းဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအသီးသီးကို ရိုက်ခတ်လျက်ရှိပြီး  အထူးသဖြင့် ယင်းဒေသမှ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများကို အားပြု တင်သွင်းနေရသည့်  အရှေ့တောင်အာရှနိုင်ငံများအတွက် ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ယင်းအခက်အခဲ အကျပ်အတည်းများကို ကျော်လွှားနိုင်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအနေဖြင့် နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှ တင်သွင်းနေသော စက်သုံးဆီများသည် ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်း မဟုတ်ကြောင်းနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေပြီး စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက် Supply Chain တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ် စေရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဖူလုံမှုရှိစေရေး အစီအမံဖြင့် ဆောင်ရွက်ထားရှိသည့်အတွက် ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိပါသည်။ 

ဆက်လက်၍ ကြိုတင်စီမံထားသည့်အစီအစဉ်အတိုင်း သီလဝါဆိပ်ကမ်းတွင် သင်္ဘော ၂ စီး၊ လမ်းခရီးတွင် သင်္ဘော ၆ စီး၊ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော ၈ စီးဖြင့် ထပ်မံဖြည့်တင်းသွားမည် ဖြစ်ပါသည်။ ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာ အဖွဲအစည်းများဖြင့် ညှိနှိင်းဆောင်ရွက်ထားရှိပြီး ဖြစ်သည့်အပြင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေချိတ်ဆက် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေအနေများကို အနီးကပ် စောင့်ကြည့်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရန်နှင့် သက်ဆိုင်ရာဌာနမှ တရားဝင်ထုတ်ပြန်ပေးလျက်ရှိသည့် သတင်းများကိုသာ ယုံကြည်ကြရန် လိုအပ်ပါကြောင်း၊ တရားမဝင် ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် စိုးရိမ်စိတ်လွန်ကဲ၍ စက်သုံးဆီကို မလိုအပ်ဘဲ ဝယ်ယူသိုလှောင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် စွမ်းအင်ဝန်ကြီးဌာနမှ မိဘပြည်သူများသို မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ထားသည်။

 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)