ပုဇွန်တောင်၊ မတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များက ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်မှ ယာယီနေရပ်စွန့်ခွာပြည်သူနှင့်ဝန်ထမ်း စုစုပေါင်း (၄၂၄) ဦးရှိသည့်အနက် လာရောက်ထုတ်ယူသူ (၃၉၅)ဦးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (၃)လစာအတွက် တစ်ဦးလျှင် ငွေကျပ်ခြောက်သောင်းနှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး ခရီး လွန်နေ၍ တက်ရောက်မယူနိုင်သူ (၂၉)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
#News #MNP





No comments:
Post a Comment