အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်


နေပြည်တော်၊ မတ် ၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ယခုသင်တန်းကို လက်တွေ့လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရာ၌ ကော်မရှင်၏ လုပ်ငန်းတာဝန်များ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းစွာသိရှိရန်၊ အရည်အသွေး၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ ရုံးလုပ်ငန်းကျွမ်းကျင်မှုရှိစေရန်နှင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်၏ မူဝါဒနှင့် အစီအမံများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသူများဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်ရာတွင် အဓိကအင်အားတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ရိုးဖြောင့်မှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ဖွံ့ဖြိုးတိုးတက်စေခြင်းသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှုကို တိုးပွားစေကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအပေါ်သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် ကျရာကဏ္ဍမှ အဂတိကင်းရှင်းစွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် ကော်မရှင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါအခြေခံလေ့ကျင့်ရေးသင်တန်းကို မတ် ၃ ရက်မှ ၂၆ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)