(၈၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ တွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၈၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားအား ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ တွင်ကျင်းပ









ဆိုးလ်၊ မတ် ၂၇

(၈၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ)ရုံး၊ ဆိုးလ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ ညပိုင်းတွင် ဆိုးလ်မြို့၊ Mondrian Seoul Itaewon ၌ ကျင်းပခဲ့သည်။

အခမ်းအနားအစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံတော်သီချင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုခြင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့် ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် (၁)မိနစ် ငြိမ်သက်ဆုတောင်းခြင်း၊  ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ/ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင့်သူတို့မှ ဂုဏ်ပြုစကားများ ပြောကြားခြင်း၊ တပ်မတော်နေ့ကို ဂုဏ်ပြုသည့် မှတ်တမ်းဗီဒီယိုပြသခြင်း၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

၎င်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မြန်မာ့ ရိုးရာအစားအသောက်များ (မုန့်ဟင်းခါး၊ ထမနဲ၊ မုန့်လုံးရေပေါ်) အပါအဝင် ညစာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဆိုးလ်မြို့အခြေစိုက် ဘီလာရုစ်သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့မှ သံအမတ်ကြီးများ၊ ဆိုးလ်အခြေစိုက် ပြည်ပနိုင်ငံများမှ စစ်သံမှူးများ၊ သံတမန်များ၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများ၊ ဧည့်သည်တော်များ စုစုပေါင်း (၂၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)