မတ် - ၂၇ ( သောကြာနေ့ )
အမေရိကန်အပါအဝင် အနောက်နိုင်ငံအများအပြားမှ ဆန့်ကျင်မှုများရှိနေပေမဲ့ အတ္တလန်တိတ်သမုဒ္ဒရာ ဖြတ်ကျော် ကျွန်ကုန်ကူးမှု က “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကြီး”ဆိုတဲ့ ဂါနာနိုင်ငံရဲ့ အဆိုတင် ဆွေးနွေးမှုက ကုလသမဂ္ဂ အထွေထွညီလာခံမှာ အောင်မြင်ခဲ့ပါတယ်။
၁၆ ရာစုမှ ၁၉ ရာစုအထိ ကြာမြင့်ခဲ့သည့် ကျွန်ကုန်ကူးမှုက ခန့်မှန်းခြေအားဖြင့် အာဖရိကသား သန်း ၃၀ ကျော်ကို အာဖရိကတိုက်နေ အမေရိကားနဲ့ ကာရေဘီယံနိုင်ငံတွေဆိုကို ပို့ခဲ့တယ်လို့ UNESCO က ဆိုပါတယ်။ အဲ့ဒိဖြစ်စဉ်က ကမ္ဘာ့သမိုင်းမှာ အကြီးမားဆုံး နဲ့ ခရီးအဝေးဆုံး အတင်းဓမ္မ ကျွန်ကုန်ကူးမှုကြီး ဖြစ်တယ်လို့ ပြောပါတယ်။ အချို့သော ခန့်မှန်းချက်များမှာ အဲ့ဒိကျွန်ကုန်ကူးမှု က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး သက်ရောက်မှု အမွေအနှစ်ကို ဒေါ်လာ ၁၀၀ ထရီလီယံ ထက်မကများတယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သော အဆိုပါဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၂၃ မဲဖြင့် အတည်ပြုခဲ့ပါတယ်။ အဲ့ဒိအဆိုကို နေတိုးအဖွဲ့ကြီးတစ်ခုလုံးက ဆန့်ကျင်ခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပါ လုပ်ရပ်ကို ကြိုဆိုခဲ့ပြီး အတ္တလန္တိတ်ကျွန်ကုန်ကူးမှုကို “ဆိုးရွားသောစနစ်” လို့ခေါ်ဆိုကာ ၎င်းရဲ့ အမွေအနှစ်များကို အံတုရန် တိုက်တွန်းခဲ့ပါတယ်။
မဲခွဲဆုံးဖြတ်မှုမတိုင်မီ ဂါနာသမ္မတ ဂျွန်ဒရာမာနီ မဟာမာက "အခုပြုလုပ်မယ့် ဆုံးဖြတ်ချက်က အမှန်တရားကို လိုက်လျောညီထွေဖြစ်စေရန်၊ ကုစားရန်နှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ တရားမျှတမှုဆိုင်ရာ လမ်းကြောင်းဖြစ်ပြီး" ကျွန်ပြုမှုဒဏ်ကို ခံစားခဲ့ရသူ သန်းပေါင်းများစွာကို အမှတ်ရစေရန်အတွက် မှန်မှန်ကန်ကန် လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့ပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment