မတ် - ၂၆ (ကြာသပတေးနေ့ )
ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ထိုင်းသင်္ကြန်က ၃ ပတ်လောက်သာလိုတော့ပေမဲ့ အားလပ်ရက်မှာ မွေးရပ်မြေ ကို ပြန်ပြီး အနားယူကြတဲ့ ထိုင်းအလုပ်သမားတွေက လိုင်းကားတွေကို လက်မှတ်ကြိုတင်မှာယူကြပေမဲ့ ဒီနှစ်တော့ အရှေ့အလယ်ပိုင်း ပြဿနာကြောင့် လောင်စာဆီဈေးတက်ပြီး လက်မှတ်ခတွေ ဈေးတက်လာတာ ကြောင့် လက်မှတ်အဝယ်ကျဆင်းသွားတယ် လို့ သိရပါတယ်။
မနှစ်က ဒီအချိန်ဆိုရင် လက်မှတ်တွေက ၈၀ % ကျော် ရောင်းချပြီး ဖြစ်ပေမဲ့ ဒီနှစ်တော့ လက်မှတ်တွေ ရောင်းချရတာ တစ်ဝက်တောင် မပြည့်တော့ဘူးလို့ ဘက်စ်ကားလိုင်းအော်ပရေတာများက စထရိတ်တိုင်း သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အများစုက ကားခထက် အခြားကုန်ကျစရိတ်တွေ မြင့်တက်မှာကို စိုးရိမ်နေကြပါတယ်။
သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။ ထိုင်းမှာက ခရီးသွားဘတ်စ်ကား ၁၅,၀၀၀ ပါ၀င်တဲ့ အဖွဲ့ဝင် ၅၀၀ ရှိပြီး ထိုင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းကလည်း အဖွဲ့ဝင်ကားလိုင်းတွေကို သင်္ကြန်ပွဲတော်နီးမှ လက်မှတ်ရောင်းစေချင်ကြောင်း ဆိုထားပါတယ်။
အဲ့ဒါက စွမ်းအင်အကျပ်အတည်းကို ပိုမိုရှင်းလင်းစွာ အကဲဖြတ်နိုင်စေရန်နဲ့ လမ်းကြောင်းများကို စျေးနှုန်းဘယ်လောက်နဲ့ ပို့ပေးနိုင်မယ်ဆိုတာကို သိရှိရန်ဖြစ်ကြောင်း ဂုဏ်ထူးဆောင်အကြံပေး က ပြောကြားခဲ့ပါတယ်။
“ခရီးသည်တင် ဘတ်စ်ကားတွေ လမ်းခုလတ်မှာ လောင်စာဆီကုန်သွားရင် မော်တော်ကားတွေကို တွန်းပို့တာ ဒါမှမဟုတ် ခရီးသည်တွေကို ချန်ထားခဲ့တာမျိုး မဖြစ်စေချင်ဘူး” လို့ ပြောသွားပါတယ်။
REF: The Nation
#News #MNP



No comments:
Post a Comment